Unicode
Jungguk ဆေးအရှိန်နဲ့အိပ်ပျော်သွားမှ jungguk ဆုပ်ကိုင်ထားတဲ့လက်အားအသာဖြုတ်ကာ ဝရံတာဘက်ထွက်ပြီး တစ်စုံတစ်ယောက်အားဖုန်းဆက်လိုက်သည်...
"Sorry Jimin ငါဒီနေ့ အိမ်မပြန်လာနိုင်တော့ဘူး"
"အော် ရပါတယ် မနက်ဖြန်ပြန်လာမှာလား"
Jimin အမှန်အတိုင်းပြောရရင် တစ်ယောက်တည်းအခန်းထဲမှာကျန်နေတဲ့ခံစားချက်ကိုလုံးဝမကြိုက်ပေ..ဒါကလည်းသူ့အတိတ်ဆိုးကြောင့်ပါမယ်..အန္တရာယ်ရှိတဲ့လူက ဘယ်အချိန်သူ့ကိုဒုက္ခလာပေးတာမျိုးတွေ ပြန်ဖမ်းခေါ်သွားတာမျိုးတွေဖြစ်မှာကို သူစိတ်ထဲကကြောက်ရွံ့နေခဲ့သည်ဆိုပိုမှန်မည်..ကွာခြင်းခွင့်ကိုတရားခွင်မှာတင်ထားတဲ့အချိန်တွင်းတော့ taehyung ကိုသူ့ဘေးမှာရှိနေဖို့တောင်းဆိုချင်ခဲ့တာ...
"ဟင့်အင်း!နောက်နှစ်ရက်လောက်နေဖြစ်ဦးမယ် ဒါပေမဲ့ မနက်ဖြန်ညနေလောက်ကိုတော့ အကို Joon ကိုမင်းနဲ့ငါအတူသွားတွေ့ကြမယ်"
"အင်း အဲ့လိုလည်းအဆင်ပြေသားပဲ"
"တစ်ခုခုလိုရင် ငါ့ကိုလှမ်းဆက်လိုက်နော်"
အခုတောင် ငါအနားနေဖို့တောင်းဆိုခွင့်မရတာကို ငါဘာထပ်တောင်းဆိုရမှာလဲ...
"အင်း "
ကျသွားတဲ့ဖုန်းလေးကိုကြည့်ရင်း သူသက်ပြင်းမောချမိတယ်...အချိန်အားဖြင့် ည ၁၂ နာရီ အခုထိ သူထမင်းစားပွဲမှာထိုင်စောင့်နေမိဆဲပဲ...စားမယ့်သူမရှိတဲ့ထမင်းဝိုင်းလေးကြောင့် သူလည်းစားချင်စိတ်မရှိဖြစ်လာရကာ ထမင်းဟင်းတို့အားသွန်ပစ်လိုက်တော့သည်...တကုတ်ကုတ်နဲ့ပန်ကန်ဆေးနေတဲ့ ကောင်လေးရဲ့ကျောပြင်က အထီးကျန်ဆန်လျှက်...
"အင်း...ဝါးးး"
အပြင်းကျောဆန့်ရင်းထလာတဲ့ taehyung... သူမျက်နှာရှေ့၌ ခပ်ချောချော မျက်နှာတစ်စုံကိုမြင်လျှင် ထထိုင်လိုက်မိတော့သည်... jungguk ခပ်ပြုံးပြုံးပင်သူ့အားကြည့်နေဆဲပင်...
"အာ~င..ငါအတော်အိပ်ပျော်သွားတာပဲ..ရေသွားချိုးတော့မယ်"
Taehyung မိမိ၏အိပ်ရာထပုံစံကိုရှက်လွန်း၍အမြန်ထပြေးခဲ့သော်လည်း jungguk ရဲ့လက်မောင်းကြားသူရောက်သွားရသည်...
DU LIEST GERADE
Be Friend And More...(Complete )
FanfictionUnicode ကိုယ်တို့ကမဖြစ်နိုင်ဘူးဆိုရင်တောင် မင်းနာကျင်တဲ့အခါ နားခိုရာရင်ခွင်တစ်စုံအဖြစ်တော့ ရှိနေချင်တယ်... Kim Taehyung... မင်းရဲ့ဘေးနားမှာအမြဲရှိနေတဲ့ ငါ့ကို ဘာလို့မမြင်ရတာလဲ ဒါမှမဟုတ် မျက်ကွယ...