Ch 29

4K 340 12
                                    

လက်ညိုးတွင်လှပစွာနေရာယူထားသော ပလာစတာအပြာရောင်လွင်လွင်လေးကိုငေးကြည့်ရင်း သူမ ပြုံးလိုက်မိသည်။ညနေက ထိုအဖြစ်အပျက်ပြီးကတည်းက သူမကို ဧည့်ခန်းထဲတွင်ထိုင်စေကာ ထိုလူကမူ မီးဖိုခန်းထဲတွင်သူတစ်ယောက်တည်းချက်ပြုတ်နေလေသည်။သူမလဲဆိုဖာပေါ်တွင်ထိုင်ကာ ပျင်းပျင်းရှိလှသည်နှင့် ရှေ့ကစားပွဲပေါ်တွင်တင်ထားသော မဂ္ဂဇင်းကိုကောက်ဖတ်လိုက်သည်။

မဂ္ဂဇင်းသည် လွန်ခဲ့သည့်အပတ်ကမှထွက်ထားတာဖြစ်ပြီး ဆုန်းမိသားစု၏လုပ်ငန်းစုကိုအင်တာဗျူးထားသောအခန်းကဏ္ဍပါရှိသည်။Cနိုင်ငံရှိ ဆုန်းမိသားစု၏လုပ်ငန်းစုများကို ယခုလောလောဆယ်ဦးဆောင်နေသူမှာ သူမ၏မောင်လေးသာဖြစ်၍ သူမ ထိုအင်တာဗျူးကိုသေချာဖတ်ကြည့်မိသည်။ထိုအင်တာဗျူးထဲတွင် ပုံမှန်အားဖြင့် လုပ်ငန်းရှင်၏ဓာတ်ပုံပါရမည်ဖြစ်သော်လဲ ပါမလာချေ။

ဒါ့အပြင် အင်တာဗျူးမေးထားသောမေးခွန်းတွင် ၁၀ခုမေးလျှင် ၅ခုလောက်သာဖြေထားသည်။ဒါ့အပြင်ဖြေထားသောအဖြေများကလဲ လိုရင်းတိုရှင်း တိုတိုတုတ်တုတ်သာ။အဖြေများကိုကြည့်ရုံနှင့် သူ့မောင်လေးမှန်းသိသာလှသည်။ဂျီဟျွန်းလေးကိုလဲ သူမ တကယ်လွမ်းလှပြီ။ဒီမုန်တိုင်းပြီးသည်နှင့် သူ့မောင်လေးဆီတန်းသွားတော့မည်။

ထို့နောက်တွင်မူ အတွေးကမီးဖိုချောင်ထဲမှ ထိုလူ့ဆီရောက်သွားပြန်သည်။ထိုသူသည် ရုပ်ရည်အားဖြင့်ချောမောလှပြီး ဂျီဟျွန်းလေးကြီးလာလျှင် ထိုသူ့လိုပင်လူချောကလေးဖြစ်မည်ထင်သည်။ဒါ့အပြင် ထိုသူသည် အချက်အပြုတ်လဲတော်ကာ မိန်းကလေးများ၏စိတ်ကူးထဲရှိ ideal typeကဲ့သို့ပင်။ပြောရမည်ဆိုလျှင် ထိုသူက ငွေလဲရှာနိုင်မည့်ပုံပေါ်သည်။သူမတို့လို လုပ်ငန်းရှင်တွေအဖို့မပြောပ ပေမဲ့ ဒီလိုတိုက်ခန်းလေးမျိုးက ကာလပေါက်စျေး နည်းလှမည်မဟုတ်ချေ။Taxiမောင်းရုံဖြင့် ဒီလိုပိုက်ဆံရှာနိုင်သည်ဆိုတော့ ထိုသူသည် အတော့်ကို အရည်အချင်းရှိ၍ပင်ဖြစ်ရမည်။

   'အာ..ငါဘာလို့ သူ့အကြောင်းလျှောက်တွေးနေတာလဲ..၊ သူနဲ့ငါ ဘာဆိုင်တာမှတ်လို့၊'

ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]Onde histórias criam vida. Descubra agora