Episode 1

6.8K 390 10
                                    

Unicode
Story by Belle
LHBE
Edited- Mon, 17, Apr

BJYXSZD

တိမ်တွေက အုံ့မှိုင်းမှိုင်းဖြစ်နေကာ မနက်ခင်းဟာ စိုထိုင်းထိုင်းနဲ့ မဲမှောင်နေခဲ့ပြီး လေထုကလည်း အနည်းငယ်မျှပင် နွေးထွေးမှုမရှိပေ။ ဒီလိုရာသီဥတုကပျင်းရိစရာကောင်းနေပြီး အထီးကျန်စေသလို တိတ်ဆိတ်လွန်းတယ်ဆိုပေမဲ့ မကြာခင်မှာဘဲ လိမ္မော်ရောင်ဖျော့ဖျော့သာရှိတဲ့ နေဟာ မှိန်မဲနေတဲ့တိမ်စတွေကိုထိုးခွဲပြီး ရှန်နန်းတော်ဝန်းအပေါ် တစ်ရိပ်ရိပ်ဖြာကျလာခဲ့သည်။

အနောက်နန်းဆောင်သခင်ရဲ့အဆောင် အမိုးတွေကို နီညိုရောင်ရှိတဲ့ အုပ်ကြွပ်မိုးတွေအသုံးပြုထားပြီး မိုးအနည်းငယ်ရွာထားတာမို့ ခေါင်မိုးဖျားတွေက ရေစက်များပင်တွဲခိုနေလျက် လျောကျလာတဲ့မိုးရေအကြွင်းအကျန်တွေဟာ တုံ့နှေးစွာပင် တစ်ပေါက်ပေါက်ဖြင့် မြေပင်ပေါ်သို့ကျဆင်းနေဆဲပင်။ အဆင့်နှစ်ရှန်းကုန်းဖြစ်သည့် ပင်းဟွာက ပိုးသားနူးနူးညံ့ညံ့ဖြင့်လုပ်ထားသည့် နံသာရောင် ခန်းစည်းစကိုဖယ်ကာ နန်းဆောင်ထဲဝင်လာခဲ့သည်။

သခင်က မှိန်မှိုင်းနေတဲ့အရောင်တွေမဟုတ်ဘဲ လင်းတဲ့အရောင်တွေကိုသိပ်သဘောကျတာမို့ ဒီလိုရာသီဥတုမျိုးမှာတောင် ကြည့်လိုက်ရုံနှင့် နန်းဆောင်တစ်ခုလုံးက ပေါ့ပါးနူးညံ့နေပြီးစိတ်ကိုတက်ကြွနေစေဆဲပင်။

ကျောက်စိမ်းကိုသုံးကာ ပြုလုပ်ထားတဲ့ ဒေါင်းရုပ်တွေ၊ ခရမ်းရောင်ပယင်းကိုအသုံးပြုထားတဲ့ နတ်သမီးရုပ်နဲ့ ရဲရောင်ဖျော့ဖျော့ရှိပြီး ပွင့်လွှာအစစ်ကဲ့သို့အနုပညာလက်ရာမြောက်လှတဲ့ မက်မွန်ပွင့်ပန်းချီကားဟာ နေ့တိုင်းသန့်ရှင်းထားတာကြောင့် ပြောင်လက်နေသည်။

"ကျွန်တော်မျိုးမအထင် အုပ်ချုပ်သူ ခဏအနားယူသင့်ပါပြီ"

လက်ချောင်းလက်ဆစ်သွယ်သွယ်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ အပ်ချောင်းလေးက ကချေသည်ရဲ့ပုဝါစလေးလို ပေါ့ပါးသွက်လက်နေပြီး ပိတ်သားထဲကိုအသာအယာနစ်ဝင်သွားတဲ့နောက် ချည်မျှင်ခပ်ရဲရဲကို နောက်တစ်ကြိမ် ပြန်ဆွဲထုတ်လိုက်တဲ့အခါ ပျိုနီပန်းရဲ့ပွင့်ဖတ်တစ်ချပ်ဟာ အသက်ဝင်လာခဲ့သည်။

LOVE HAS BEEN ERODED (YiZhan) Where stories live. Discover now