Chapter 13: 𝘿𝙧𝙪𝙣𝙠=𝙆𝙞𝙨𝙨𝙚𝙙 ?

1.3K 113 114
                                    





လျှင်မြန်သော နေ့ရက်တွေကြောင့် ပိတ်ရက်ကိုရောက်ရှိခဲ့ပြီ။ ဆောင်းဦးရာသီမို့ လည်ပတ်ရန်အလွန်သင့်လျော်လွန်းနေတယ်။ဒါပေမဲ့လည်း ဒီနေ့ည ကေဟျောင်းရဲ့မွေးနေ့ပါတီရှိတာမို့ တစ်ဆောင်လုံးအားလပ်မနေ။

မွေးနေ့ရှင် ဂျပန်သားလေး,ကေဟျောင်းကတော့ ဆိုင်တစ်ဆိုင်မှာညစာလိုက်ကျွေးမယ်ဆိုပြီးပြောရှာပါတယ်။သို့သော် နီကိုးလက်စ်အစပြုလိုက်တဲ့ အိမ်မှာကျင်းပမယ့် ပါတီအကြောင်းအားလုံးစိတ်ဝင်စားသွားကြသည်ကိုး။ဒီအတွက် ဈေးဝယ်၊ပြင်ဆင်ရတာလေးက နည်းနည်းခက်ပေမယ့် တစ်ညလုံးနီးပါးပျော်ပါးသောက်စားဖို့က အရေးကြီးနေသည်။

အမှန်တကယ်ပြောရလျှင် အဆောင်မှာအခုလိုပါတီလုပ်တာကရှားပါးလွန်းတယ်။လွန်ခဲ့တဲ့Aprilလက ပွဲတစ်ခုရယ် ဒီခုနဲ့ဆို နှစ်ခေါက်ပဲရှိသေးသည်။ဒီကိစ္စမှာ အဆောင်မှူးကြီးမင်ဟိုလည်း ခွင့်ပြုတာကြောင့် သူတို့လွတ်လွတ်လပ်လပ်ဖြစ်သွားတာပေါ့။

အဆောင်မှာကျန်ရစ်ခဲ့သည်က မွေးနေ့ရှင်ရယ် ဟန်ဘင်းဟျောင်းနှင့်မင်ဟိုဟျောင်း။ တနည်းပြောရလျှင် အကြီးတွေက အိမ်မှာနေခဲ့သည်။ အငယ်လေးယောက်ကတော့ ဈေးဝယ်ဖို့တာဝန်ကျတာကြောင့် နာမည်ကြီးကုန်တိုက်တစ်ခုကိုရောက်ရှိလာတယ်။

တစ်ခုတည်းမှာ အစုံရနိုင်တဲ့အပြင် သက်တောင့်သက်သာရှိသည်လေ။ ထို့အပြင် သူတို့မဝယ်ရသေးတဲ့ မွေးနေ့ရှင်အတွက်လက်ဆောင်လည်းဝယ်လို့ရတော့ ပိုပြီးအဆင်ပြေသွားပေါ့။

နေသာတဲ့နေ့လယ်ခင်းအချိန်ဆိုပေမယ့် ပျော်ပွဲစားထွက်ဖို့ထက် ကုန်တိုက်အထဲမှာသာရှိနေကြ၏။ အထဲရောက်တော့ တစ်ခုခုကို သတိရမိသွားဟန်ဖြင့် နီကိုးလက်စ်ဟာ

" ငါတို့ဒီလိုလုပ်မလား။ ဂျေးက အစားအသောက်ပိုသိတာမို့ မင်းနဲ့ဂျယ်ယွန်းက အစားအသောက်ဘက်တာဝန်ယူလိုက်။ ငါက ဆောင်းဟွန်းနဲ့ Decorationရယ် အဖျော်ယမကာတွေတာဝန်ယူမယ်လေ "

ပြောရင်းဆိုရင်း လက်ထဲကမှတ်ထားတဲ့အစားအသောက်အတွက် မှတ်စုစာရွက်ကို ဂျေးကိုပေးလိုက်သည်။ယင်းနည်းတူ ဂျေးကလည်း မကျေမနပ်မဖြစ်ဘဲ သူ့တာဝန်ကိုလက်ခံခဲ့တယ်။

𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]Where stories live. Discover now