Ch 30.1

4.4K 327 12
                                    

  "ကျွန်တော့်နာမည်က...ဆန်းဝူ..၊ လီဆန်းဝူ.."

ဆန်းဝူစကားဆုံးသည်နှင့် မိုဂျွန်း၏မျက်ဝန်းအစုံသည် အံ့သြခြင်းဖြင့်ပြူးကျယ်သွားကာ ပါးစပ်အဟောင်းသားနှင့်ဖြစ်သွားလေသည်။ဆန်းဝူသည် သူ့ဦးထုပ်နှင့်Maskကိုပါတစ်ပါတည်းချွတ်လိုက်ပြီး ခပ်ဟဟရယ်ကာ

   "မတွေ့တာကြာပြီနော်..ကိုယ့်မူပိုင်~"

သူ့ကိုမြင်သော် မိုဂျွန်း၏မျက်ဝန်းအိမ်တွင် မျက်ရည်များဝဲလာသည်ကို သူမြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်။သို့သော် မိုဂျွန်းသည် သားသားကို တင်းနေအောင်ဖက်ကာ လှည့်ထွက်ရန်ပြင်တော့သည်။ထိုအခါ ဆန်းဝူသည် ချက်ချင်းဆိုသလို မိုဂျွန်း၏ခါးကိုလှမ်းဆွဲဖက်ကာ လက်တစ်ဖက်ဖြင့် သားသား၏မျက်လုံးကိုအုပ်၍ မိုဂျွန်း၏နှုတ်ခမ်းထက်သို့အနမ်းတစ်ပွင့်ခြွေမိတော့သည်။

မိုဂျွန်းသည် သူ၏ရုတ်တရက်ဆန်သောအနမ်းမှ ခံစားချက်အကုန် ခံစားမိနေသည်။လွမ်းဆွတ်မှု၊တမ်းတမှု၊ မြတ်နိုးမှုတို့ကို အနမ်းတစ်ပွင့်တည်းဖြင့် သူမကိုနားလည်စေနိုင်သူမှာ ဆန်းဝူကလွဲပြီးမရှိခဲ့ချေ။အနမ်းတို့ကသိပ်သည်းလာကာ သူမ၏နှုတ်ခမ်းအစုံကိုအပိုင်သိမ်းလိုစိတ်ပြင်းထန်နေသော ဆန်းဝူထံမှ ရုန်းကန်မိပါလျှင်

   "မရုန်းစမ်းနဲ့ မောင့်မူပိုင်...၊ မောင် မင်းကိုဘယ်လောက်လွမ်းနေလဲဆိုတာ ဘုရားသခင်ပဲသိနိုင်လိမ့်မယ်..၊"

အနမ်းတို့ကိုအဆုံးသတ်ကာပြောလိုက်သော ဆန်းဝူ၏စကားကြောင့် သူမ မျက်ဝန်းတို့ကို ဆန်းဝူ၏မျက်ဝန်းတစ်စုံထက်ဝေ့ကြည့်မိပါလျှင် သူမကိုစူးရဲစွာ ပြန်စိုက်ကြည့်နေသည်နှင့်စုံလေသည်။ရုတ်ချင်းဆိုသလို သားသားကို သူမ၏လက်ထဲမှ ဆွဲပွေ့ကာ သူမ၏ခါးကိုတင်းနေအောင်ဆွဲဖက်၍

   "ထွက်ပြေးဖို့မကြိုးစားစမ်းနဲ့ မူပိုင်၊ မောင် မင်းကို၃နှစ်တောင်စောင့်ခဲ့ရတာ...အခုတော့ထပ်မစောင့်နိုင်တော့ဘူး၊ "

စကားဆုံးသည်နှင့် မိုဂျွန်းကိုဖက်ကာသားသားကိုချီလျက်နှင့် ကားငှားရန်ပြင်လိုက်သည်။ကားငှားပြီး ကားပေါ်တွင်ဝင်ထိုင်သည်အထိ မိုဂျွန်းသည် သူ့ကိုစကားမပြောပဲ ပြတင်းပေါက်ဘက်တွင်သာ ကပ်ထိုင်နေလေသည်။

ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]Donde viven las historias. Descúbrelo ahora