°° စာဖတ်သူတစ်ဦး၏ ဖတ်ခဲ့ဖူးသမျှ OC တို့အတွက် Review လို့ဆိုရမလား °°
(အနည်းငယ်တော့ကြောင်တောင်တောင်နိုင်ပေမဲ့ ပြီးစလွယ်သဘောမျိုးနဲ့ရေးတာ မဟုတ်ခြင်းကတော့ ဧကန်အမှန်။)
"My DuDuDin"နဲ့စတင်ခြေချခဲ့ရာ ရပ်ဝန်းသည်အင်မတန်မှ ပျော်ရွှင်ဖွယ်ရာ နိဗ္ဗာန်ဘုံလေးပင်။
ထိုဇာတ်လမ်းမှ အစ တည်လို့ အထိုထိုသော ရသမျိုးစုံပျော်ဝင်စီးဆင်းရာ စမ်းချောင်းငယ်အသွယ်သွယ်တို့ဆီခြေဆန့်ဖြစ်တဲ့အခါ လက်တစ်ဆုပ်စာခန့်မျှသော fiction တို့ကို ဖတ်၍ပြီးစီးပြီ။
တစ်ချို့သော စာအုပ် တွေမှာ ဇာတ်ကောင်တွေနည်းတူ နာကျင်မှုကိုခံစားခဲ့ရတာဟာ အလူးအလဲမို့ ဇာတ်ကောင်လေးလွတ်မြောက်ချိန် ဖြစ်ပေါ်လာတဲ့ရင်ထဲက ခံစားချက် တချို့သည် ပြောမပြတတ်အောင် နက်နက်ရှိုင်းရှိုင်း။
ဗဟုသုတတို့ကိုပေးစွမ်းသော လက်ပိုင်ရှင်တို့ရဲ့ ရင်နှစ်သည်းချာဖန်တီးမှု နာမ်လေးတွေကိုမြတ်နိုးမိသည်မှာလည်း အတိုင်းအဆသည် ခန့်မှန်းရခက်ခက်။
စိတ်အစဥ်က ဟိုးအောက်ဆုံးထိ ဆွဲချခံလိုက်ရသလိုခံစားချက်မျိုးတွေနဲ့ လက်တွေ့ဘဝမှာကြုံဆုံလာတဲ့အခါ ပျော်ရွှင်ဖွယ်ရာ နိဗ္ဗာန်ငယ်တို့ကို ရှာဖွေတတ်လာပြီး
ပူလောင်ဖွယ်ရာဇာတ်အိမ်တွေကိုအခြေခံရာ ဇာတ်လမ်းတစ်ပုဒ်ကိုစီးမျောရင်း မျက်ရည်တွေသည် ပါးပြင်တစ်လျှောက်စီးဆင်းခဲ့ဖူးတာ။
ဇာတ်ကောင်တွေနည်းတူ ကြေကွဲပစ်လိုက် ၊
ထပ်တူ မွန်းကျပ်ပစ်လိုက်
အမှောင်ထုထဲ တိုးဝင်ရင်း ဆူးတွေဆီတိုးဝင်ပစ်လိုက်၊
ရင်တစ်ခုလုံးစုတ်ပျက်သတ်နေတာတောင် မျက်ရည်ကျမလာသည့် ခံစားမှုမျိုးဟာလည်း တချို့သော အပိုင်းတွေမှာ ခံရခက်ခက်ရယ်။ဇာတ်ကောင်လေးတွေကို စာနာကာထွေးပွေ့ချင်သည့်စိတ်အစဥ်သည်လည်း ရူးမသွားတာကံကောင်း။
အပိုင်းတိုင်းမှာ စို့နင့်ခဲ့ရသော ဇာတ်လမ်းဇာတ်အိမ်မျိုးတွေသည်လည်း ဖတ်ဖူးသမျှတွေထဲ အများဆုံးဖြစ်ခဲ့မည်ထင်သည်။
YOU ARE READING
Reader ' Pov
Non-Fiction°° စာဖတ်သူတစ်ဦး၏ ဖတ်ခဲ့ဖူးသမျှ OC တို့အတွက် Review လို့ဆိုရမလား °°