Part16

1.8K 84 2
                                    

၀မ်ရိပေါ်ဆိုတာ သူ့ကိုဘယ်သူမှမခန့်မှန်းနိုင်လောက်အောင် သူ့ရဲ့ခံစားချက်ကို ဖုံးကွယ်ထားနိုင်သည်။အရင်က သူကြုံခဲ့ရသမျှအရာအားလုံးကိုသင်ခန်းစာရပြီးတော့ပေါ့။ ငယ်ငယ်က ကျောင်းမှာဆိုရင်လဲ သူ့ကိုဘယ်သူမှမပေါင်းချင်ကြပေ။လာပြီး ပေါင်းတယ်ဆိုရင်လဲ သူ့ရဲ့နောက်ခံကိုကြည့်ပြီး ကပ်ဖားရပ်ဖားလာလုပ်ကြတာဖြစ်သည်။ဒီတော့ ငယ်ငယ်ကတည်းကသူက ဘယ်သူ့ကိုမှမယုံခဲ့ပေ။ဒီတော့ သူတစ်ယောက်တည်းပဲ သီးသန့်နေသည်။


နောက်တော့ သူ့မိဘတွေကြောင့်လဲ သူနိုင်ငံခြားကို ထွက်သွားခဲ့သည်။အဲ့မှာရောက်တော့လဲ Peterတစ်ယောက်ပဲ သူ့နဲ့နည်းနည်းရင်းနှီးသည်။ဒါတောင် မတက်သာလို့သာ။သူ့ရဲ့ဓာတ်ပုံကိုယူလာပြီး လုပ်ကြံတယ်ဆိုကတည်းက သူမလန့်ဖူးဆိုရင်မှားသွားလိမ့်မယ်။လူတစ်ယောက်က အန္တရာယ်တစ်ခုခုကြုံပြီးရင် တုန်လှုပ်တတ်တာ သဘာ၀ပဲ။သူ့ကိုလုပ်ကြံတာဘယ်သူဆိုတာ သူမခန်းမှန်းချင်ဘူး။ပြောရရင် မခန့်မှန်းရဲတာ။တကယ်လို့ သူထင်နေတဲ့သူဆိုရင် ဘယ်လိုလုပ်မှာလဲ။ဒါကို သူရင်မဆိုင်ရဲဘူး။နောက်တော့ ဦးငယ်လေးရဲ့အမေနဲ့တွေ့သည်။ကံတရားကပဲ သူ့ကိုမျက်နှာသာပေးသလား မသိဘူး သူ ရှောင်းကျန့်ကို စမြင်,မြင်ချင်းကတည်းက သဘောကျခဲ့တာ။

သူ့အဘိုးအသည်းအသန်ဖြစ်လို့ ပေကျင်းကိုပြန်သွားတာက ရှောင်းကျန့်နဲ့ နီးနီးကပ်ကပ်နေရမယ်လို့ သူအိမ်မက်ထဲတောင် ထည့်မမက်ဖူးပေ။ဒီတော့ အန်တီရဲ့သဘောအတိုင်း ဦးငယ်လေးရဲ့အိမ်မှာသွားနေခဲ့သည်။အစကတော့ သူက ဦးငယ်လေးက လက်မခံမှာဆိုးခဲ့သည်။ဒါကြောင့်သူ မဝံ့မရဲနဲ့ပြောပြတော့ ဦးငယ်လေးက သူ့အတွက်ပြဿနာမရှိကြောင်း ပြော‌လာတော့ သူအရမ်းပျော်သွားသည်။ဘာပဲဖြစ်ဖြစ် ဦးငယ်လေးက သူ့အပေါ်ဂရုစိုက်ပေးလို့ သူပျော်ရသည်။ဟင်းလဲ ချက်ကျွေးသည်။ဒဏ်ရာရတော့လဲ ဂရုတစိုက်နဲ့ ဆေးထည့်ပေးသည်။အံ့ဩစရာကောင်းတာက သူ့ကို ဦးငယ်လေးက စမ်းသပ်တာပင်။ဘယ်လိုစမ်းသပ်လဲဆိုတော့ ဦးငယ်လေး ရုံးသွားတော့ သူအိမ်မှာတစ်ယောက်တည်းရှိနေသည်။ ဦးငယ်လေးက လှေကားထောင့်ရဲ့ညာဘက်ပန်းအိုးဘေးမှာ black cardတစ်ခုကိုထားခဲ့သည်။သူမြင်တော့ အံ့ဩသွားသည်။ဦးငယ်လေးများကျန်ခဲ့တာလားပေါ့။နောက်မှ သူတွေးမိတာက ဦးငယ်လေးက သူ့ကို ယူမယူစမ်းသပ်တာနေမှာ။ဦးငယ်လေး သူ့ကို ဒီလိူလုပ်တာကို သူစိတ်မဆိုး။လုပ်သင့်သည်လေ။ကိုယ်မသိတဲ့သူစိမ်းတစ်ယောက်ကို အိမ်ပေါ်ခေါ်တက်ထားရတာ။ဒီလိုစမ်းသပ်တာလဲမဆိုးဘူးလို့ သူထင်သည်။ဦးငယ်လေးပြန်ရောက်လာတော့ သူကဒ်ကို မသိချင်ယောင်သာဆောင်နေလိုက်သည်။
(Part8မှာ ရှောင်းကျန့်က တစ်စုံတစ်ခုကိုကိုင်ပြီး ပြုံးလိုက်တဲ့နေရာပါ)

ဦးငယ်လေးရဲ့အရှင်သခင်လေးWhere stories live. Discover now