အပိုင်း -၁၄

4.4K 289 0
                                    


ည 8နာရီခွဲ...
ပုံမှန်ဆို ဒီအချိန်က စာကြည့်ချိန်ဖြစ်ပေမဲ့ ယခုက ကျောင်းပိတ်ရက်မို့ မှန်သားတို့အဖွဲ့ လွတ်လပ်ရေးရနေ၏။

ဆယ်တန်းတက်စ အတန်းကို စနေ၊ တနင်္ဂနွေ ပိတ်ရက်ပေးထားသည်မို့ အားလုံးနီးပါးအိမ်ပြန်ကုန်တာကြောင့် မှန်သားတို့ ပတ်ချာလည်တွင် ခုတင်အလွတ်များဖြင့်သာ....

စီနီယာဆယ်တန်းများကလည်း နီးကပ်လာသည့်
စာမေးပွဲကြောင့် အပိုချိန်သင်နေကြရာ အဆောင်တွင်  တစ်ယောက်မှမမြင်ရပါလေတော့...

ဆယ်တန်းများကို ဆရာစာဝင်သည်နေသည်တစ်ကြောင်း၊ မှန်သားတို့က ပိတ်ရက်မှန်းသိနေသည်တစ်ကြောင်းတို့ကြောင့် Guide အစ်ကိုများလည်း အေးဆေးနေကြဆဲ...

မီးအလင်းရောင်ကောင်းသည့် ဘုရားခန်းဘက်တွင် သူတို့ချင်းစုကာ သာသာယာယာပင် chessထိုးနေကြသေး...

ပိတ်ရက်မို့ မှန်သားတစ်ယောက် ခုတင်ပေါ်တွင်ကျောခင်းရင်း အတွေးများနေသည်။

ခေါင်းရင်းဘက်တွင်လည်း တဝီဝီမည်နေသည့် ကြာပန်းပွင့်ပုံစံ အားသွင်းပန်ကာ အသေးစားလေးနှင့်...

မတ်လထဲ ချဉ်းနင်းဝင်ရောက်နေပြီဖြစ်သည့် ညအပူချိန်ကို ဒီပန်ကာလေလေးက မဖြိုဖျက်နိုင်...

မီးပုံထဲသို့ ရေတစ်စက်ခန့်မျှလောင်းသည့်ပမာ အကျိုးမထူးလှသော်လည်း မဖွင့်ဘဲထားသည်ထက် သာကောင်းပါရဲ့အတွေးဖြင့်သာ ဖွင့်ထားရခြင်းပင်...

မနက်က အိမ်ပြန်သွားသည့်လွင်ပြင်က
မှန်သား အိမ်မပြန်ဖြစ်ကြောင်းသိသည့် နေ့ကတည်းက မနက်ပြန်သွားသည့်အထိ မှန်သားကို စိတ်ကောက်ကာ စကားပင်ပြောမသွားခဲ့ပါလေ...

သူငယ်ချင်း အချင်းချင်းမို့ စိတ်ဆိုးစိတ်ကောက်ကြဖူးပေမယ့် ဒီတစ်ခါလောက်မကြာဖူးသည်မို့ မှန်သားစိတ်မကောင်း ဖြစ်နေမိသည်။

မှန်သားတစ်ယောက်တည်း အတွေးများနေချိန်
ရာရာက စာအုပ်တပွေ့တပိုက်ကြီး သယ်လာပြီး ပြောပြောဆိုဆို မှန်သား၏ တစ်ယောက်အိပ်ခုတင်ပေါ်ဆီ ကြပ်ကြပ်တည်းတည်း လာလှဲ၏။

Cupid's Compass (Completed )Dove le storie prendono vita. Scoprilo ora