[Zawgyi]
" အဘက်ဘက်မှ အကြောင်းပြချက်များကို သုံးသပ်လေ့လာပြီးသည့်နောက် Lee Jaeseung အား အုပ်ထိန်းပိုင်ခွင့်ကို အိမ်ထောင်ဦးစီးဖြစ်သူ ဖခင် Lee Heeseung အား ပေးအပ်လိုက်သည် တရားရုံးအမိန့်တော် "
တရားဝင်အမိန့်ချသံပြီးတဲ့နောက် သားငယ် ကိုတင်းတင်းကြပ်ကြပ်ဖက်ကာ Jaeyun မျက်ရည်တွေ တရစပ်ကျလာတော့သည် ။ သားငယ် ကလည်း သူငိုနေတာမြင်တော့ မျက်နှာလေးဟာ ရှုံ့မဲ့လျက် ။ တစ်ဖက်ခြမ်းဆီကနေ တစ်လှမ်းချင်း လှမ်းလာနေတဲ့ Heeseung အား Jaeyun စိတ်နာစွာ စိုက်ကြည့်မိသည် ။ Heeseung နှုတ်ခမ်းထက်တွင်တော့ အောင်နိုင်သူတစ်ဦး၏ အပြုံးကိုဆင်မြန်းလျက် ။
" ဘယ်လိုလည်း ကလေးငယ် ... တရားခွင်မှာ ကိုယ်နိုင်သွားပြီမလို့ သားငယ် ကိုခေါ်သွားလို့ရပြီလား "
" ခင်ဗျား လူယုတ်မာ လေးနှစ်နီးပါး သေလူလို နေလာခဲ့ပြီးရင် တစ်သက်လုံး ဆက်နေပေးသွားပါ့လား ဘာအငြိုးတွေနဲ့များ ကျွန်တော့်ကို လိုက်နှောင့်ယှက်နေရသေးတာလည်း "
" မင်းအနားပြန်ရောက်နိုင်ဖို့ဆို ကိုယ့်မှာအရာအားလုံးရှိနေမှ ဖြစ်မှာမလို့လေ ကလေးငယ် "
" မခေါ်နဲ့ !!! မုန်းတယ် ခင်ဗျားကို သွေးကြောထဲကနေ နင့်နင့်နဲနဲမုန်းတာ "
" အင်း ကလေးငယ် လွတ်လပ်ခွင့်မလို့ ကိုယ်မပိတ်ပင်ပါဘူး အခုတော့ သားကို ပေးပါ ... သားလေး လာ ဒယ်ဒီ့ဆီကို "
ကလေးက ခေါ်တော့ မျက်လုံးလေးကလည်ကလည်ဖြင့် Heeseung ဆီရောက်လာသည် ။ တစ်လကျော်ကျော် ဆက်ဆံရေးတွင် သားနဲ့ရင်းနှီးမှုအတော်အသင့်ရနေပြီဖြစ်သည် ။
" ပါပါး ကဘာလို့ လိုက်မလာတာလည်း ဒယ်ဒီ "
" အင်း ပါပါးက ဒယ်ဒီ့ကိုစိတ်ဆိုးနေသေးတော့ နေရစ်ခဲ့ဦးမယ် သားသားရဲ့ နောက်ကျရင် ပါပါးကို အတူတူချော့ကြမလား "
" ဟုတ် ... "
လက်ဖျားလေးတွေပင် တုန်ယင်လာတဲ့ Jaeyun ကိုကြည့်ကာ Heeseung စိတ်မကောင်းဖြစ်ရပေမယ့် သိပ်ခေါင်းမာတဲ့ ကောင်လေးကို ပြန်ဆွဲထားနိုင်ဖို့က ဒီနည်းလမ်းတွေသာရှိတော့သည် ။ သားကိုကြည့်နေတဲ့ Jaeyun အကြည့်တွေမှာ ခံစားချက်တွေရောပြွန်းနေသည် ။
YOU ARE READING
𝗪𝗔𝗬 𝗕𝗔𝗖𝗞 𝗛𝗢𝗠𝗘 ☑
Fanfiction" မင်းဆိုတာ တစ်သက်လုံး ကိုယ်နားခိုသွားချင်မိတဲ့ အိမ်လေးပါ ကလေးငယ် " -𝗁𝖾𝖾𝗃𝖺𝗄𝖾 𝗌𝗁𝗈𝗋𝗍 𝗌𝗍𝗈𝗋𝗒 - 𝗁𝖺𝗉𝗉𝗒 𝗁𝖾𝖾𝗃𝖺𝗄𝖾 𝖽𝖺𝗒 042522