part 4

3.1K 219 10
                                    

Who am I for you ?
Part 4

ရိပေါ လသာဆောင်မှာ ထွက်ရပ်ရင်းလမင်းကြီးကို မျက်နှာမူလို့ တွေးနေမိတယ်....အခုဆိုသူ ဒီမှာနေရတာ တစ်လကျော်နေပြီ.....

သူဆီကို လိုအပ်တဲ့ အချိန်ဆိုသူဆီရောက်လာမယ် သူဘယ်လို နေလဲ နေကောင်းရဲ့ အဆင်ပြေရဲ့လားတစ်ခွန်းမမေး မပြောမဆိုရောက်လာတယ် နူတ်ဆက်ပဲထွက်သွားတက်တဲ့ သူခန္ဓကိုယ် ပိုင်ရှင်ကြီးကတော့ သူအကျင့်တွေမပြောင်းမလဲ......

တစ်ခါတစ်လေ ကုတင်နားကခုံပေါ်မှာငွေအထပ်လိုက်ထားပေးထဲ့ကာ ရေးထားတဲ့ စက္ကူစာရွက်လေးက လိုတိုရှင်း '' for use '' လိုတာသုံးဖို့ဆိုတဲ့ သဘောနဲ့ပေါ့...

ကျုပ်လိုတာ ဒီငွေတွေထက် ခင်ဗျားရဲ့ နွေးထွေးတဲ့ အကြည်တစ်ခု နဲ့ စကားတစ်ခွန်း တည်းရယ်ပါ လူကြီးရာဆိုတဲ့ စကားကိုတော့ စိတ်ထဲကပဲပြောမိတယ်...

နှစ်ရက်ခြားတစ်ခါ လူကြီးရဲ့ လူအချိုက လာပြီးသန့်ရှင်းရေးလုပ်ပေး ဝယ်လာတဲ့ စျေးပစ္စည်းတွေကို လာထည့်ပေး မလိုတာတွေ လွှင့်ပစ်လုပ်ကြပေမယ့် ရိပေါကို စကားတစ်ခွန်း မှ မပြောကြ တစ်ခါတစ်လေ သာ သူတို့ Boss မှာတဲ့စကားကိုသာ လိုတိုရှင်းပြောကြတယ်....

ရိပေါကတတော့ ညပိုင်းတွေလောက်သာ လာတက်တဲ့ လူကြီးကြောင့် မနတ်ပိုင်းတွေမှာ မားဆေးရုံကို သွားတက်သလို ရိပေါ ဝါသနာပါတဲ့ Bakery class ကိုလည်းအချိန်ညိုကာ  သွားတက်သည် ....

အတွေးလွန်နေတဲ့ ရိပေါကို အတွေးထဲ က ပြန်ဆွဲထုတ်လာတဲ့ ဖုန်းဝင်ကောတစ်ခု

....ဟယ်လို

....မောင်လေး ရိပေါ လား ကျဲရန်းပါ

.....ဟုတ်ကျဲ ပြောပါ

.....ဟို အားရီရဲ့ တာဝန်ကျ ဆရာက မောင်လေးကို မနတ်ဖြန် သူနဲ့ လာတွေပါလို့ပြောတယ်...

.....ဘာဖြစ်လို့လဲ ကျဲ မား တစ်ခုခု ဖြစ်လို့လား

.....အင်းအားရီ အကြောင်းပဲပေါ့ ကျဲပြောတာထက် ဆရာပြောတာ ပိုအဆင်ပြေမှာမို့ လာခဲ့လိုက်နော်

....ဟုက်ကဲ့ ကျဲ မားကို ဂရုစိုက်ပေးပါဦးနော်

......အင်းပါကွယ် ဒါပဲနော်

Who Am I for You Zhanyi (Zsww) ( completed) Where stories live. Discover now