"ဟင်း ဟျောင်းကိုလွမ်းလိုက်တာ အခုဘယ်လိုပုံစံမျိူးလေးဖြစ်နေမလဲ သေချာတာကတော့ ဟျောင်းအရင်အတိုင်း ချောနေမှာတော့ သေချာတယ်"
ကျောင်ခန်းပြတင်းပေါက်ရဲ့ အပြင်ကို ငေးရင်း အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ကောင်လေးတစ်ယောက်
"ဟေ့ကောင် အပြင်ကိုငေးမနေနဲ့ သွားရှေ့ကပုစ္ဆာကိုထွက်တွက်"
ထိုကောင်လေးဆရာပြောတာလဲ မကြားအပြင်ကိုပဲငေးကြည့်နေသည်။
"ရှင်းမ်ဂျယ်ယွန်း!!!"
ထိုမှသာ ကြားတဲ့ရှင်းမ်ဂျယ်ယွန်းက ခေါင်းကိုခါရမ်းပစ်လိုက်သည်။
"သွား ရှေ့ကပုစ္ဆာ ထွက်တွက်"
ဂျယ်ယွန်း သင်ပုန်းရှေ့မှာရပ်ရင်း မြေဖြူကောက်ကိုင်လိုက်သည် ဒါမဲ့ သူ ဘာမှမသိ
"ကျွန်တော်မသိဘူး ဆရာ"
"စာကြဘာမှမသိပဲ လိုက်နားမထောင်ဘူးသွားအပြင်မှာလက်မြှောက်ပြီး သွားရပ်နေ နေ့ခင်းကျောင်းဆင်းမှပြန်ဝင်"
ခေါင်းကုတ်ရင်းသာထွက်လာရင်း ဂျယ်ယွန်းအပြင်မှာ လက်မြှောက်ရင်း ရပ်နေလိုက်သည်။
*ကလင် ကလင်*
နေ့ခင်းကျောင်းဆင်းပြီ
"ဟေ့ကောင် တော်တော်ညောင်းနေပြီလား"
"ညောင်းတာပေါ့ကွ မညောင်းပဲနေမလား မင်းနေကြည့်ပါလား"
"စတာပါကွာ လာနေ့လည်စာသွားစားမယ်"
ဂျယ်ယွန်းနဲ့ Jay နေ့လည်စာစားဖို့ထွက်လာလိုက်တယ်
"နေပါအုံး မင်းကိုမေးရအုံးမယ် မင်းမနက်ကဘာတွေ တွေးနေတာလဲ ဆရာခေါ်တာတောင်မကြားရလောက်အောင်"
"ဒီတိုင်းပါဘဲကွာ ဘာမှမဟုတ်ပါဘူး"
"ဟုတ်လို့လားမင်း ဟီဆွန်းဟျောင်းအကြောင်းကိုတွေးနေတာမလား မှန်မှန်ပြော"
"အေးကွာ သိရဲ့သားနဲ့ မေးနေသေးတယ်"
"မင်းကလေ ဒီမှာကျကောင်မလေးတွေတွဲနေတာ တစ်ယောက်ပြီးတစ်ယောက်"
"ဒါတေက သက်သက်အပျော်တွေပါကွာ ဟီဆွန်းဟျောင်းကမှ ငါရဲ့တကယ့်နှလုံးသားပိုင်ရှင် သူပဲစိုးမိုးထားတာ"
YOU ARE READING
Unfair fate✔️
Short Story"အရမ်းချစ်တယ်မောင်" "အင်း မောင်ကလဲအရမ်းချစ်တာဗျ ဒါပေမဲ့ ကံတရားကြီးက...." One short✔️ Unicode