*အပိုင်း တစ်ဆယ်က zawgyiဖတ်လို့ မရလို့ ပြန်ပြင်ပြီး တင်လိုက်တာပါ။အပိုင်းသစ် မဟုတ်ပါဘူး။အောက်မှာ Zawgyiပါ။ တကယ်လို့ ဖတ်မရဘူး ဆိုရင် အောက်မှာ ssနဲ့ တင်ထားပါတယ်။
(U)
"ကျုပ်ကို မုန်းလား ရှောင်းကျန့်''
ရှောင်းကျန့်၏ အိပ်ပျော်လုနီးပါး အခြေအနေကို ဖြိုဖျက် လိုက်သည့် ဝမ်ရိပေါ်ရဲ့ စကားသံ။
စကားသံမှာ ကြမ်းတမ်းခြင်းမရှိ နူးညံ့မှု မမြည်သည့် ပုံမှန်လေသံသာ ဖြစ်၏။
သို့သော်ငြား ရှောင်းကျန့်အတွက်တော့ အလိုမကျချင်စရာ စကားသံတို့ ဖြစ်သည်။
ရှောင်းကျန့်က ခပ်ဟက်ဟက် တစ်ချက် ရယ်လိုက်ပြီး
" မင်းလည်း သိပြီးသား ဖြစ်မှာပါ ဒီမေးခွန်းရဲ့ အဖြေကို ဖြေပေးစရာမလိုအောင် မင်းကို ငါ အရမ်းမုန်းနေတယ် ဆိုတာ''
ရှောင်းကျန့်က ဝမ်ရိပေါ်နှင့် ဆန့်ကျင်ဘက်ကို တစောင်း လဲလျက်သာ ဖြေလာ၏။
"ကျုပ်ကို မမုန်းပါနဲ့လား''
ဝမ်ရိပေါ်၏ ခပ်နွမ်းနွမ်း စကားသံကို ကြားတော့ ရှောင်းကျန့်ကဝမ်ရိပေါ်ဘက်သို့ ခန္ဓာကိုယ်ကို တစောင်း လှည့် လာခဲ့သည်။
"ဟက်.. ဘာလို့လဲ ဝမ်ရိပေါ် ၊ မင်းကြ ငါ့ကို အမုန်းတွေဖောဖောသီသီ ပေးနေပြီး ငါကြ မင်းကို မမုန်းရဘူးတဲ့လား။ မတရားလိုက်တာ''
စကားသံတို့သည် တိတ်ဆိတ်သော ညအလယ်မှာ ထင်ရှားစွာ ကြားနေရသည်။
"ကျုပ်ကို မမုန်းလို့ မရဘူးလား''တတိယမ္ပိ ထွက်ပေါ်လာသည့် အမေးစကား။
အချိန်တစ်ခုကြာသည်အထိ ရှောင်းကျန့်ရဲ့ စကားကို မတုံ့ပြန်လာသည့် ဝမ်ရိပေါ်က အခု ပြောမဲ့ ပြောတော့လည်း 'ကျုပ်ကို မမုန်းလို့ မရဘူးလား'တဲ့၊ ဘယ်လိုတောင် မျက်နှာပြောင်တိုက်ပြီး မေးလိုက်တာလဲ။