Zawgyi"ဒီလူငယ်ရဲ့စိတ်အလိုဆန္ဒပြင်းပြမှုက
နောက်ပြောင်စရာလုံးဝမဟုတ်ဘူး"မင်းလုပ်ငန်းစုမှာတော့ ဒီတစ်ပတ်လုံးနီးပါးဟာ လူတိုင်းစေ့ အလုပ်များနေသည့်ကာလပင်။ အောက်ခြေဝန်ထမ်းကအစ၊ ဥက္ကဌဖြစ်သည့်မင်းအဏ္ဏဝါအထိ အားလုံးအတွက် အရေးကြီးအလုပ်တွေက တန်းစီလျက်ရှိနေ၏။
ထို့ကြောင့် မင်းအဏ္ဏဝါမှာ နှလုံးသားရဲ့ဆန္ဒလေးတွေကို မျက်ကွယ်ပြုထားရင်း ရုံးခန်းထဲမှာ နေ့နေ့ညညမြဲအောင်အလုပ်တွေကိုကိုင်တွယ်ဖြေရှင်းနေရပါ၏။
ဒီလိုကြိုးစားလို့လည်း တွဲဖက်လုပ်ငန်းရှင်တွေ၊ အဖွဲ့အစည်းတွေရဲ့အမြင်မှာ အကောင်းဘက်ကနေပိုတိုးလာပြီး အခွင့်အလမ်းပိုတိုးလာသည်ပင်။ဘယ်လိုပဲ ကျိကျိတက်အောင်မြင်နေသူ၊ ကြွယ်ဝသူဖြစ်ပေမယ့် မာနထောင်ချင်တိုင်း၊ တစ်သီးပုဂ္ဂလစတိုင်နေချင်တိုင်း သူနေလို့မဖြစ်။
သူဟာ ဒီလောကမှာ အသက်၊ အတွေ့အကြုံငယ်သူတစ်ယောက်၊ ပြီးတော့ လုပ်ငန်းရှင်တွေကြားဝင်ဆံ့ပြီး ပိုမိုကျယ်ပြန့်သည့်ဆက်ဆံရေးနယ်ပယ်က စီးပွားရေးလောကမှာအရေးပါတာမို့ ဒီအချက်တွေကိုထည့်တွက်ပြီး မင်းအဏ္ဏဝါမှာ ပုံရိပ်ကောင်းအောင် ကြိုးစားနေထိုင်ပါလေ၏။
အလုပ်တွေကို အဆင်ပြေပြေလုပ်နိုင်နေပေမယ့် တကယ်တမ်းတော့ သူအားအင်ကုန်ခမ်းသလိုဖြစ်ချင်လာနေသည်။
အကြောင်းကား တစ်ယောက်သောသူကို အရမ်းလွမ်းနေပြီဖြစ်၍ပင်။ပြုံးနေမယ့်မျက်နှာလေးတစ်ခုကို မြင်ချင်နေသည်။
သူ့စိတ်အစဉ်အေးချမ်းရာ လူသားလေးကိုပွေ့ဖက်ထားချင်နေသည်။
ဒါမှမဟုတ် ပခုံးပေါ်မေးတင်ပြီးပဲဖြစ်ဖြစ် ချွဲလိုက်ချင်နေသည်။ဖုန်းခေါ်ပြီး အသံလေးနဲ့ပဲ အားမွေးနေရပေမယ့် တကယ်တမ်းတော့ ဘယ်လိုမှ မရောင့်ရဲနိုင်ချေ။
ချစ်ရသူရဲ့မျက်နှာလေးကို ရက်များစွာမတွေ့ရတာက သူ့ကို အရမ်းအရမ်းကိုမှ ပိုပြီးပင်ပန်းနေစေ၏။ယခုလည်း မင်းအဏ္ဏဝါက ခုံနောက်မှီပေါ်ခေါင်းလှန်တင်ထားရင်း ပင်ပန်းနေဟန် မျက်လုံးကိုမှိတ်ထား၏။
အရှေ့မှာ ရပ်နေသည့်ကိုဝေယံကတော့ အတော်သနားစိတ်ဝင်နေမိပြီး သူ့သူဌေးက သူဌေးရှန်းကို ဒီလောက်စိတ်နှစ်ပြီးသဘောကျသွားပြီဆိုတာကိုလည်း နည်းနည်းတော့ တအံ့တသြ။

YOU ARE READING
"My Only One" ✔️
Romanceမာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသက်ကွာဟမှုလေးကတော့ ၉နှစ်ဖြစ်ပါသတဲ့။ Min Annawah ❣ Shann မာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသ...