Unicode;
Unicode;
"Kim Seokjin ဟေ့!!"
Club ရဲ့မီးရောင်စုံတွေအောက်မှာ အော်ဟစ်ကာ အနောက်ကပြေးလိုက်လာတဲ့လူအုပ်ကြီးကလည်း အရှေ့ကပြေးနေတဲ့ကောင်လေးတစ်ယောက်အနောက်ကိုအုံးအုံးကြွကြွလိုက်လာခဲ့ကြသည်....
ပြေးနေရတဲ့ကောင်လေးကတော့တခြားမဟုတ်...ရုပ်ရှင်လောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ အနုပညာလောကရဲ့ဆရာတစ်ဆူပင်~
Worldwide Handsomeဆိုတဲ့ဂုဏ်ပုဒ်နဲ့ Kim Seokjinဆိုတဲ့သူကကမ္ဘာတစ်ဝန်းကသက်ကြီးရွယ်အိုကျားမ မရွေးအကုန်လုံးရဲ့အချစ်တွေရထားတဲ့ကောင်လေးတစ်ယောက်ဆိုလဲဘယ်မှားမလဲ.....
"Seokjin Oppa....."
ချောင်ကျပြီးလူသိနည်းတဲ့ Busan ဘက်ကClub တစ်ခုမှာသူအေးဆေးလေးငြိမ့်နေတုန်းမှာပင် သူမှန်းမှတ်သွားကြတဲ့ကလေးမတွေကိုလည်းသူအံ့ဩလို့မဆုံး....သို့ပေမယ့်ဒီလူအုပ်ထဲမညှပ်ချင်တာကြောင့်အခုလောလောဆယ်တော့ပြေးနေရသည်...နောက်မှပဲ ဒီOppa ကမင်းတို့ကိုပြန်ချော့ပါ့မယ် ငါ့ရဲ့ Seokjinnieလေးတွေရေ~
သူအဆုံးမရှိလမ်းအတိုင်းပြေးနေရင်းမှာပင် ရုတ်တရက်ဆိုသလိုအခန်းတစ်ခန်းကပွင့်လာကာ အထဲမှလက်တစ်ဖက်ထွက်လာပြီး သူ့ရဲ့လက်ကိုဆွဲကာ အခန်းထဲသို့ထည့်လိုက်တာကြောင့် Seokjin လည်းထိုလူဆွဲခေါ်ရာဆီရောက်သွားခဲ့ရသည်....
ထိုအခန်းထဲကိုဝင်ရောက်သွားခဲ့ပြီးတာနဲ့ တံခါးလော့ချသံလိုလိုကြားလိုက်ရသည်~
စိတ်ထဲတစ်မျိုးဖြစ်နေတာကြောင့် သူရောက်နေသည့်နေရာကိုအကြည့်ပို့မိတော့ သူရောက်နေသည့်အခန်းဆိုတာ အရမ်းကိုမှောင်ရိပ်ကျနေသည်မို့ဆော့ဂျင်အနည်းငယ်လန့်မိသလိုကြောက်စိတ်ပါဝင်သွားရသည်...
Seokjin;"ဘာလုပ်တာ...."
"ရှူး.."
သူရဲ့နှုတ်ခမ်းထူထူပေါ်ကျရောက်လာတဲ့ လက်ချောင်းနဲ့ အရမ်းကိုနီးကပ်နေတဲ့အရှေ့ကလူနဲ့သူ့မျက်နှာ.....
ထိုလူရဲ့မျက်နှာကိုအသေအချာမမြင်ရပေမယ့် တစ်ယောက်အသက်ရှူသံတစ်ယောက်ပြန်ကြားနေရတဲ့အနေအထားဖြစ်နေတာမို့ သူတို့ဘယ်လောက်နီးကပ်နေသလဲဆိုတာသိနိုင်သည်...