♡အချစ်က အန်တီ♡
"ဒါက ဒေါ်ငယ်ရဲ့သူငယ်ချင်း နွေးဟေမာန်တဲ့
မနေ့ကမှ USကပြန်ရောက်လာတာလေ"ဒေါ်ငယ်ရဲ့မိတ်ဆက်စကားကြောင့်ဒေါ်ငယ်နားထိုင်နေသည့် ထိုအမျိုးသမီးကိုကြည့်လိုက်သည်။
အဲ့အမျိုးသမီးကလေ ဒေါ်ငယ်တို့အရွယ်လို့မထင်ရအောင်ကို
နုပျိုပြီးလှပလွန်းသည့် နူးညံ့တဲ့ပန်းတစ်ပွင့်လိုလိုလေ။
နိုင်ငံခြားပြန်လို့သာပြောတာ အဲ့အမျိုးသမီးကလေ
ခေတ်ဆန်ဆန်ဟုတ်မနေပဲ အုတ်ကျိုးရောင်မြန်မာဝတ်စုံကိုဝတ်ဆင်ထားသည်။
သပ်သပ်ရပ်ရပ်ကျစ်ထားသည့်
ခပ်ရှည်ရှည်ဆံနွယ်သည်လဲ ဆေးဆိုးထားခြင်းမရှိ
ပကတိ အနက်ရောင်ဖြင့် ကျောလယ်တွင်လှလှပပနေရာယူထားသည်။
အထူးခြားဆုံးဟာ မျက်ဝန်းညိုတွေဖြစ်ရမယ်။
ထိုမျက်ဝန်းညိုများဟာ သမုဒ္ဒရာလိုပဲ နက်ရှိုင်းပြီးညှိ့ငင်နိုင်လွန်းသည်။"ဟဲ့ ငုတ်တုတ်ကြီးသေသွားတာလားပိုးညို!"
ငေးကောင်းကောင်းနဲ့ငေးနေလိုက်တာ ဒေါ်ငယ့်အသံကြားမှသတိဝင်လာပြီး ရှက်ကိုးရှက်ကန်းရယ်လိုက်မိသည်။
"မသေပါဘူးဒေါ်ငယ်ကလဲ အန်တီကလှလွန်းတော့ အကြည့်မလွဲနိုင်ဖြစ်သွားတာပါ"
ညို့စကားကိုကြားတော့ အန်တီကရယ်သည်။
"ညိုက အရွယ်တောင်ရောက်လာပြီ ဒါမဲ့ကလေးတုန်းကလိုချစ်ဖို့ကောင်းနေတုန်းနော်"
"အမလေးနွေးရယ် ရှင်ကသာချစ်ဖို့ကောင်းနေ အဲ့ကလေးမကလေတအားဆိုးတာချစ်ချင်စရာတစ်ကွက်မှရှိမနေဘူး"အာ အန်တီဟာ ညို့ကိုငယ်ငယ်လေးထဲကသိနေခဲ့တာပေါ့။
အဲ့ဒီနေ့က အန်တီနဲ့စကားတွေအများကြီးပြောဖြစ်ကြသည်။
အန်တီက အသက် 33လို့မယုံနိုင်ဖွယ်ကိုနုနယ်လွန်းသည်။~~~~~~~~~~~~~~~~~~
"ရား အန်တီ့ကိုလွမ်းလိုက်တာ မတွေ့ရတာတစ်ရက်ကြီးများတောင်ရှိပြီ
ငါလိုက်သွားသင့်လားကွာ"ညိုအခုတလော အန်တီရောဂါရနေသည်။
စားလဲအန်တီ အိပ်လဲအန်တီဖြင့်
ခေါင်းထဲတွင်လဲ အန်တီ့ကသာစိုးမိုးထားသည်။
မနေ့က အန်တီဟာ အရေးကြီးကိစ္စရှိလို့ဆိုပြီး
နယ်ဘက်ကိုနှစ်ရက်ခရီးထွက်သွားလေတယ်။
ညိုကတော့လွမ်းနာကျရင်းကျန်ခဲ့တာပေါ့။