[Unicode]
_______________________________
မင်းနဲ့တွေ့ဆုံပြီးတဲ့နောက်မှာ...ငါ၊ငါကိုယ်တိုင်နဲ့ငါ့ဘဝကမင်းရဲ့အရိပ်ဖြစ်လာတယ်။
_______________________________မြို့နဲ့အရမ်းဝေးတဲ့နေရာမှာအလွန့်အလွန်ကြီးမားတဲ့စံအိမ်ကြီးတစ်လုံးရှိတယ်။နောက်ပြီးအဲ့
နေရာလေးကအရမ်းကိုအေးချမ်းတဲ့နေရာလေးတစ်ခုပေါ့။အစောင့်တော်တော်များများကလည်းစံအိမ်ကြီးရဲ့ပတ်ပတ်လည်မှာသေချာလေးစောင့်ကြပ်နေကြတယ်။ဒါကပုံမှန်ဖြစ်ပြီးတော့သာယာတဲ့နေလေးတစ်နေ့ပါပဲ။အဲ့ဒီစံအိမ်ကြီးမှာဘာသံမှမကြားရဘူး။လေတိုက်သံတောင်မှမကြားရဘူးတဲ့။စံအိမ်ထဲကအနက်ရောင်ဇိမ်ခံအိပ်ရာကြီးရဲ့အဖြူရောင်အိပ်ရာခင်းတွေပေါ်မှာကောင်လေးတစ်ယောက်ထိုင်နေတယ်။သူ့ရဲ့မျက်နှာကိုဒူးတွေပေါ်မှောက်ထားပြီးသူ့ကိုယ်ကိုဘောလုံးလေးတစ်လုံးလိုကွေးထားတယ်။ရုတ်တရက်မှာပဲအိပ်ခန်းတံခါးဖွင့်သံကိုသူကြားလိုက်ရတယ်။သူချက်ချင်းပဲတံခါးကိုအကြည့်ရောက်သွားတယ်။Manlyဆန်ဆန်အရှိန်အဝါတွေနဲ့ပြည့်ဝနေတဲ့ကောင်လေးတစ်ယောက်ကအခန်းထဲကိုဝင်လာတယ်။သူဟာထိုင်ခုံတစ်လုံးကိုယူလိုက်ပြီးအိပ်ရာပေါ်ကကောင်လေးရှေ့မှာဝင်ထိုင်လိုက်တယ်။
YOU ARE READING
My Shadow(Translation)
FanfictionIt's just a translation.Credit to original author InfinityLM44.This cover photo and the title are not belong to me. သူ့ရဲ့ခြေထောက်ကသွေးတွေဟာမရပ်မနားဘဲဆက်တိုက်ထွက်နေတယ်။အဖြူရောင်အိပ်ယာခင်းတွေဟာလဲသူ့ရဲ့ခြေထောက်ကသွေးတွေကြောင့်အနီရောင်သို့ပြောင်းနေလေပြ...