"ရှူးး!...တိုးတိုးနေ..."
ထိုလူက ပါးစပ်ကိုလက်ဖြင့်အုပ်ရင်းတိတ်တိတ်နေရန်အချက်ပြသည်။
"Thor!.......ခင်ဗျားလား..?"
"Imm....ကိုယ်ပါ..."
ရင်းနှီးနေသည့်အသံကြောင့်မေးလိုက်တော့ Thorဖြစ်လို့နေသည်။
Thorဆိုကာမှ စိုးရိမ်ပူပန်သည့်စိတ်က တစ်ဝက်လောက်လျော့ကျသွားသည်။
မနီးမဝေးမှကြားနေရတဲ့ခြေသံသဲ့သဲ့။
Thorက တိတ်တိတ်နေရန်မျက်လုံးဖြင့်အမူရာပြသည်။
ခုနက ကျွန်တော့နောက်ကပြေးလိုက်လာသည့်Hoodieအနက်နဲ့လူက ဟိုဟိုဒီဒီလှည့်ပတ်ရှာနေသည်။
နှစ်ယောက်သား အသက်ပင်ပြင်းပြင်းမရှူရဲ။
အဲ့ဒီလူက ဘယ်သူမို့ ကျနော့်ကို လိုက်နှောင့်ယှက်ချင်နေရသလဲ?
အတန်ကြာ ဟိုကြည့်ဒီကြည့်ကြည့်နေပြီး ဟိုဘက်လမ်းချိုးထဲပြေးဝင်သွားသည်။
အဲ့ဒီအခါကျမှ အသက်ကောင်းကောင်းရှူနိုင်တော့ပြီးနှစ်ယောက်သား အမှောင်ထဲကထွက်လာနိုင်တော့သည်။
"အဲ့ဒီလူက ဘယ်သူလည်းသိလား Tae?"
"ဟင့်အင်း...ကျွန်တော်မသိဘူး...အရင်ရက်တွေတုန်းက အိမ်ရှေ့မှာမသင်္ကာစရာလူပုံရိပ်ကိုခနခနတွေ့ရတယ်..ဒီနေ့ကျတော့ ကျွန်တော့်နောက်ကလိုက်လာတာပဲ...."
"အင်း....သူ့က မင်းကိုအနှောင့်ယှက်ပေးချင်ပုံပဲ...."
"ဖြစ်နိုင်တယ်...ဒါပေမယ့် ကျွန်တော်နဲ့ရန်ငြိုးရန်စရှိတဲ့သူမှ မရှိတာ...ဒါနဲ့...ခင်ဗျားက ဘယ်လိုလုပ်ပြီး......"
TaeHyungရဲ့အမေးကြောင့်Thorက အနည်းငယ်မူပျက်သွားသည်။ဒါကို TaeHynungက သတိမထားမိ။
"အော....ကိုယ်က ဒီဘက်မှာ အလုပ်ကိစ္စလေးရှိလို့..."
တကယ်က TaeHyungကို တောက်လျှောက်stalkနေခဲ့တာ။
သူ့အပြောကိုTaeHyungက ယုံသလိုလိုရှိသွားပြီး ထပ်မမေးတော့။
"ကျေးဇူးပါ Thor....ခင်ဗျားကျွန်တော့်ကို ကူညီတာ နှစ်ခါမြောက်ရှိပြီ...."