မတ်လကုန်၍ ဧပြီလထဲ ချဉ်းနင်းလာချေပြီ။
ယခင်ဆယ်တန်းများလည်း စာမေးပွဲဖြေပြီးကြပြီ။ကိုးတန်းကျောင်းသားများကိုပါ ကျောင်းအပ်စတင်လက်ခံနေပြီမို့ ရောက်ရှိလာသည့် လူသစ်များကလည်း တဖွဲဖွဲဖြင့်သာ...
မှန်သားတို့ကလည်း ကိုးတန်း၏ iron manတွင် ယာာယီသင်နေရာမှ ဆယ်တန်းခန်း superman ခန်းသို့ တရားဝင် ပြောင်းရွှေ့လာရလေပြီဖြစ်သည်။
စီနီယာဆယ်တန်းများလည်း မရှိတော့ပြီမို့ မှန်သားတို့အဖွဲ့က အလိုလို အရေးအကြီးဆုံးဖြစ်သွားကြရကာ ဆရာ၊ ဆရာမများနှင့် guideများ၏ တွန်းအားများလည်း ပိုလာသလို ဘာသာရပ်များအလိုက် စာမေးမှုများကလည်း တဖြေးဖြေး အတော်လေးစိတ်လာ၏။
စနေ၊ တနင်္ဂနွေ ပိတ်ရက်လည်း မပေးတော့သည့်အပြင် ညဘက်တွင်လည်း guideချိန်ကို ယခင် ည 10နာရီခွဲတွင် ပိတ်ပေးရာမှ 12အထိ တိုးမြှင့်ထားလိုက်ပြန်သည်။
အပူချိန်ပိုတိုး၊ လူသစ်တိုး၊ စာသင်ချိန်ပိုတိုး၊ စာကျက်ချိန်ပိုတိုးလာသည်နှင့် တိုက်ရိုက်အချိုးကျစွာ မှန်သားတို့အဖွဲ့၏ ခင်မင်မှုကလည်း တဖြည်းဖြည်း ပို၍ပို၍သာ တိုးလာခဲ့လျှက်...
အချိန်အားဖြင့် ည11နာရီ...
ကိုးတန်းကျောင်းသားလေးများ အိပ်နေကြပြီဖြစ်သော်လည်း ပြောင်းလဲထားသည့် ဆယ်တန်း၏သတ်မှတ် guide ချိန် (စာကျက်ချိန်)အရ မှန်သားတို့ မအိပ်ရသေး...
သီးသန့်စာကျက်တတ်သည့် မှန်သား၏ အကျင့်အရ ယခင်အတိုင်းပင် ရေချိုးဆောင်က ဘူမိနက်သန်စာကျက်ရာနေရာလေး ဖြစ်နေတော့သည်သာ...
မှန်သား၏ နားနှစ်ဖက်တွင်လည်း i padအနီလေးကို တပ်ထားသော်လည်း phoneနှင့် joinထားခြင်းမဟုတ်၍ guideအစ်ကိုများက မှန်သားကို ဘာမှမပြောကြ။
မှန်သားက ဆူညံလျှင် အာရုံစိုက်၍ မရတတ်သူမို့
အဓိကအားဖြင့် ပြင်ပအသံများနှင့် ကင်းဝေးရုံသာ တပ်ထားခြင်းဖြစ်ကြောင်း သိနေကြသည့်အပြင် စာတော်သည့်ချစ်စရာကောင်လေးအဖြစ် founderဆရာမကြီးနှင့် guideများ၏ အသဲစွဲမို့ ပစားပေးထားသည်ဟုလည်း ဆိုနိုင်လေသည်။
YOU ARE READING
Cupid's Compass (Completed )
RomanceCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...