Ch 31

4.1K 328 11
                                    

မြို့ပြင်တွင်မိုးများကသည်းကြီးမည်းကြီးရွာချနေသည်။မိုးကြိုးများကလဲ တစ်လျပ်လျပ်ဖြစ်နေကာ ကောင်းကင်တစ်ခွင်မှိုင်းညို့လို့နေသည်။ကောင်းကင်ကြီးသည် ထွက်ပေါ်လာသောသေမင်း၏အရှိန်အဝါကြောင့် ကြောက်လန့်တကြား ဟစ်ကြွေးနေပုံနှယ် တစ်ဂျိန်းဂျိန်းဆူညံလျက်ရှိသည်။

ကွန်ဒို၏အောက်တွင် ကားတန်းကြီးကထိုးရပ်လိုက်ကာ ကားထဲမှလေ့ကျင့်ပေးသောသူများက ဆင်းလာကြသည်။ပြီးနောက် ထိုထဲမှခေါင်းဆောင်ဖြစ်ဟန်တူသူက ဖုန်းကိုထုတ်ကာ သူတိုတို့ကိုလှမ်းခေါ်လိုက်သူအားဆက်လိုက်သည်။

စားပွဲပေါ်တွင်တင်ထားသော ဖုန်းမြည်သံကြောင့် သေနတ်ကို ကျည်ဖြည့်နေသော ဂျီဟျွန်း၏လက်တို့က လျင်မြန်စွာပင် ဖုန်းကိုကောက်ကိုင်လိုက်သည်။ပြီးနောက် အောက်ထပ်လှေကားကိုတစ်ဟုန်ထိုးပြေးဆင်းကာ သူ့လူများကိုတွေ့သည်နှင့်

  "မင်းတို့ရဲ့ လက်နက်တွေကိုအသင့်မောင်းတင်ထား..ပြီးတော့ ငါ့ကို ၅မိနစ်အတွင်းမှာ ငါ့လူရှိနေတဲ့နေရာကိုရှာပေး...၊ "

   "ဒါပေမဲ့...."

   "အကြောင်းပြချက်မလိုချင်ဘူး..."

စကားကိုအဆုံးသတ်ကာ ဆိုင်ကယ်ပေါ်တက်ခွ၍ထွက်ခွါသွားသော ဂျီဟျွန်းကိုကြည့်၍ သူ့ခမြာ တိုင်ပတ်သွားရသည်။သို့သော်ချက်ချင်းပင် သူတို့ကားထဲတွင်ပါလာသော ဂျီဟျွန်း၏လက်ထောက်Hackerကိုရှာခိုင်းလိုက်ကာ သူတို့က ကားအတန်းလိုက် ဂျီဟျွန်းနောက်မှလိုက်ရန်ပြင်လိုက်သည်။

ဂျီဟျွန်းသည် Helmet၏မျက်နှာပြင်ကိုလာရောက်ထိမှန်သောမိုးပေါက်များကိုအံတုကာ နာရီ၏GPSနောက်ဆုံးပြခဲ့သောနေရာကို ဆိုင်ကယ်ဖြင့် မောင်းသွားလိုက်သည်။ထိုနေရာကိုရောက်သော် မမစီးသွားသောကားသည် ထိုးရပ်ထားသည်ကိုတွေ့လိုက်ရသည်။ဆိုင်ကယ်ပေါ်မှလွှားခနဲခုန်ဆင်းကာ ကားအနားဝန်းကျင်ကိုရှာဖွေကြည့်စဉ်တွင် အဆစ်ပြုတ်ကာ ကျကျန်ခဲ့သော နာရီကိုတွေ့လိုက်ရသည်။

နာရီကို နောက်မှလိုက်လာသောသူ့လူဆီပစ်ပေးကာ

  "နာရီအဆစ်ကတစ်ခုခုနဲ့ထိမှန်ပြီးပြုတ်သွားတာ၊ သွေးတွေရှိမနေတာကြောင့် ကျည်ဆန်တော့မဖြစ်နိုင်ဘူး...မေ့ဆေးသေနတ်ပဲနေမယ်၊ဟိတ်ကောင်..."

ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]Nơi câu chuyện tồn tại. Hãy khám phá bây giờ