Part - 16

582 21 16
                                    

Zawgyi ❣❣❣

M နိုင်ငံရဲ့ ဝင်ငွေတွေကို Leoတစ်ယောက်၊ အန်ကယ်လေးနဲ့ပြန်စစ်နေတုန်း ခြံထဲကို ဝင်လာတဲ့ ကားတစ်စီး။ ကားပေါ်ကနေ မြောက်ကြွ မြောက်ကြွနဲ့ မျောက်အတိုင်းပြေးဆင်းလာတဲ့ nana။ အနောက်ကနေတော့ လူးကပ်စ်က ခေါင်းတစ်ခါခါနဲ့ လိုက်လာတယ်။

'' မွ အန်ကယ်လေး ''

'' ထိုင်ပါဦး သမီးရဲ့ ဘာတွေပျော်နေတာလည်း ''

'' ဟားဟား အန်ကယ်လေးရယ် အိမ်က ပါးတို့ ထောင်ချောက်ထဲ ဝင်လာပြီသိလား ''

Leo နှုတ်ခမ်းတွန့်သွားတယ်။ လန်ကျန့်ကိစ္စမှာ မင်အိမ်တော်ကပါတယ်ဆိုတာသိပေမယ့်၊ မျောက်မ nana ကတော့ပါမှာမဟုတ်ဘူး။

'' Leo သဲလေး။ တကယ်ကို အသဲပြောတဲ့အတိုင်း ငါ့ကို ဝမ်အိမ်တော်က သတင်းတွေကို ယူခိုင်းတယ်။ ငါ့ကိုစောက်ရူးများမှတ်နေလားမသိဘူး ''

'' nana စကားပြောတာ သတိထားစမ်း ''

'' အေးပါ လူးကပ်စ်ရယ် ငါ့အဖေကြီးကျလို့ ''

'' nana သမီးကားရော ''

'' ချစ်ရတဲ့ ညီမလေးက ဘရိတ်ကြိုးဖြတ်ထားလို့ မယူလာဘူး ''

ဝမ်ယူဟန် မျက်လုံးပြူးသွားတယ်။ ဘယ်လိုတောင်လည်း ကိုယ့်ညီမကတောင် ပြန်လုပ်ကြံတယ်ဆိုတော့။

'' ထားပါတော့ ရော့ သမီးလေးအိမ်ကို ဒီသတင်းပေးလိုက် ''

ထိုးပေးလိုက်တဲ့ ငွေစာရင်းတွေကအများမပြား။ nana ယူကြည့်လိုက်တော့ အများကြီးဘဲ ပိုက်ဆံတွေက။

'' အန်ကယ်လေးဒါက ''

'' စာရင်းအတုတွေ ''

Leo ဝင်ပြောတော့ ဝမ်ယူဟန်ကခေါင်းငြိမ့်ပြတယ်။

'' ကဲကဲ သားတို့လည်းရောက်လာပြီဆိုတော့ အန်ကယ်လေးသွားတော့မယ်။ သမ္မတအိမ်တော်မှာ လုပ်စရာရှိသေးလို့ သိတယ်မလား။ အန်ကယ်လေးက နေရာဖယ်ပေးရတော့မယ်လေ ''

'' ဟားဟား ဟားဟားဟားဟား ''

nana ရော၊ လူးကပ်စ်ပါ ရီကြတယ်။ Leo ကပြုံးဘဲပြုံးနေတယ်။ နောက်နှစ်ဆိုရင် သူက သမ္မတဖြစ်ဖို့သေချာနေပြီမလား။

Daddy, Ge Ge, Husband (ခတ်ေတခန ရပျနား)Hikayelerin yaşadığı yer. Şimdi keşfedin