331+332+333+334+335

973 93 2
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၃၃၁
(ရှင့်ရဲ့နာမည်ကို ခေါ်ခွင့်ပြုနိုင်မလား)

'မပူပါနဲ့တဲ့လား...ဒီခွေးကောင်တွေကတော့...'

မိစ္ဆာအရှင်သခင်သည် သူ၏ တပည့်များမှာ မယုံကြည်ရကြောင်း ခံစားနေရသည်။ သူ သံသယရှိနေသောကြောင့် ကိုယ်တိုင်လုပ်ဆောင်ရန်သာ ဆုံးဖြတ်လိုက်တော့၏။

နောက်ဆုံးတွင် ကြမ္မာကုသိုလ်သူတော်စင်သည် ဘေးတွင်သာရှိနေပြီး သူ ဂရုတစိုက် လုပ်ဆောင်ရပေမည်။ မတော်တဆ သူတို့ အဆုံးမဲ့ကုသိုလ်ဂုရုကြီးအား ထိခိုက်မိလျှင် ပြဿနာ ကြီးမားသွားနိုင်သည်။ အဆိုးဆုံး ခန့်မှန်းရမည်ဆိုလျှင် သူတို့၏အနာဂတ်မျိုးဆက်ပါ သက်ရောက်သွားနိုင်ဖွယ်ရှိသည်။

'သွားရှုပ်လို့ ဘယ်လိုမှ မရဘူး...'

မိစ္ဆာအရှင်သခင် လှိုဏ်ခေါင်းထဲသို့ လှမ်းကြည့်လိုက်သည်။ သူ မတော်တဆ ဂုရုကြီးအား ထိခိုက်မှု မရှိစေရန် ချက်ချင်းပင် ခုခံမှုမန္တာန်တစ်ခုအား ထိုနေရာတွင် ချလိုက်သည်။

ဒရာဂျင်နှင့် နန်နန်းမှာ လီနင်းဖန် အိပ်ပျော်သွားပြီဖြစ်ကြောင်း သတိထားမိသောအခါ လှိုဏ်ခေါင်းထဲမှ ခိုးထွက်လာကြသည်။

သူတို့ ရေကန်ဆီသို့ တစ်ဖန် ပြန်လာကြသည်။ အိုနီများနှင့် ဝိဥာဉ်များမှာ ထိုနေရာတွင် ရှိနေသေးသည်။

အဖြူနှင့်အမည်း အနိစ္စနှစ်ပါး သည် ကလေးမနှစ်ယောက်အား တွေ့သွားကာ တလေးတစား မေးလာသည်။
ကလေးတို့ ကလေးတို့အကိုကြီး အိပ်သွားပြီလား...

နန်နန်း ခေါင်းညိတ်ကာ ပြန်ပြောသည်။
ဟုတ်တယ်...အကိုကြီးက သူ့အခ်ျိန်ဇယားနဲ့သူ အိပ်တယ်လေ... အဓိကကတော့ ဒီမှာ ပျင်းလာလို့ အိပ်သွားတာ ဖြစ်မယ်...

အဲ့ဒါ ဦးလေးတို့ရဲ့ အမှားပါ
အဖြူရောင်အနိစ္စအရှင် ခေါင်းခါကာ ခါးသီးစွာ ပြုံးလျက် ဆက်ပြောသည်။

ဒီမှာဖြစ်လာမယ့် ကိစ္စတွေကတော့ ကြည့်ဖို့ မသင့်တော်တော့ပါဘူး...

အမည်းရောင်အနိစ္စအရှင်လည်း မျှော်လင့်ချက်မဲ့စွာ ပြောလာသည်။
ဟုတ်တယ် အနေအထားက သိပ်မကောင်းတော့ဘူး...

ကျုပ်ကဆရာကြီး(1-ongoing)Donde viven las historias. Descúbrelo ahora