Unicode
Stigma🥀
(or)
သွေးစွန်းနေသော နှင်းဆီပိတ်ကားပေါ်တွင် ပြေးလွှားနေသည့် လက်တစ်စုံ။
ထိုလက်မှ ခြယ်သနေသည့် ဆေးစုတ်ဆေးချက်များမှာ နာကျည်းမှုကို ဖော်ပြနေသည့် အနီရောင်....။နှုတ်ခမ်းပါးတစ်စုံတို့သည့် ကျေနပ်စွာတွန့်ချိုးသွားပြီး ထိုပိတ်ကားကို ဆက်လက်ခြယ်သနေဆဲ။
စူးရှနေသည့် မျက်လုံးတစ်စုံမှာ ပတ်ဝန်းကျင်ကို ဂရုမထားအားဘဲ ပိတ်ကားပေါ်သို့တွက်သာ အာရုံ
အပြည့်စိုက်ထား၏။ သူမ၏ ခြယ်သမှုများပြီးသွားသည့်အခါ အားရပါးရရယ်လိုက်ကာ ထိုပန်းချီကားချပ်ကို သူမဆွဲထားသည့် ပန်းချီများ ချိတ်ဆွဲထားရာ နံရံဖြစ်သည့် တနေရာတွင်ချိတ်ဆွဲကာ ပန်းချီကားများကို တချက် ဝေ့ဝိုက်ကြည့်ပြီး အပြုံးမမည်သော အပြုံးကို ပြုံးကာထွက်သွားလေတော့သည်။"ဟယ် သူမလာပြီ"
သူမ ကျောင်းဝန်းထဲသို့ ခြေချလိုက်စဥ်မှာပဲ ပေါ်လာသည့်အသံ။ သူမ ရယ်လိုက်မိသည်။"ကြည့်ပါလား။ သူမက စိတ်မှန်တာမဟုတ်ဘူး။ အခုတောင် ဘာတွေရယ်နေပြန်ပြီလဲမသိဘူး။ စိတ်
မနှံ့ဘူးပဲ"
ထိုစကားကိုကြားလိုက်၍ သူမစိတ်ထဲတွင်
"သြော် တော်တော်လျှာရှည်ကြပါလား။ လူတွေ လူတွေ ဘာမှလည်းမသိဘဲနဲ့ လျှောက်လျှောက်ပြောနေကြတယ်။ ဟက်....အရူးတွေပဲ"ထပ်ပြုံးမိကာ ခြေထောက်များကို သူမအခန်းသို့
ဦးတည်၍ ထွက်သွား၏။ သူမလာသည်ကိုတွေ့သည်
နှင့် တစ်ပြိုင်နက် တီးတိုးပြောနေသည့် လူအုပ်ကြီးမှာလည်း ကျဲသွားကာ သူမကို လမ်းဖယ်ပေးကြ၏။
"အတင်းပြောတာများ ပေါ်တင်တောင်ပြောရဲကြတာ မဟုတ်ပဲနဲ့" သူမစိတ်ထဲတွင်တွေးမိကာ ပြုံးလိုက်မိပြန်ပြီ။"သူမ"ဆိုသည့် ထိုလူသား......
သူမနှင့် ဆုံဖူးသည့်လူတိုင်း သူမကို တင်စားခေါ်ဝေါ် ကြသည်ကား..... "နှင်းဆီနက်"လှပသော်လည်း ဘေးနားတွင် အဆိပ်ဆူးဖြင့် ဝန်းရံထားသည့်အတွက် ဖမ်းဆုပ်၍ မရနိုင်သည့်သူမ။
အမြင့်တွင် ပွင့်နေသည့်အတွက် ခူးလို့ရန်လည်းမမှီ။
ခန့်မှန်းရခက်ကာ လျှို့ဝှက်ချက်များနှင့် ပြည့်နှက်နေသည့် သူမ။
YOU ARE READING
Stigma (or) သွေးစွန်းနေသောနှင်းဆီ
Short Storyဆူးတွေဝန်းရံထားသည့် နှင်းဆီလေးမှာ သွေးများဖြင့် စွန်းထင်နေခဲ့လေသည်။