(Unicode)
နောက်ကနေ ပုခုံးကြောတွေကို နှိပ်ပေးလာတဲ့ လက်ချောင်းတွေကို ဆွဲယူကာ တတိတိကိုက်တော့ အသံလေးထွက်သည်ထိ ရယ်မောလာတယ်။
''နှိပ်ပေးမို့ဟာကို''
ပြောရင်း သူ့ခေါင်းထက် မေးဖျားလေးတင်လို့ အသာလေးဖိတယ်။
''ကိုက်ချင်ဦး နာလား မှတ်ပြီလား ပြော.. ဒီ့ထက်ပိုမနာချင်ရင် လွှတ်လိုက်''
မနာအောင် ဖွဖွ ဖိကြိတ်မှတော့ နာမလား။ဒါကို နာပြီလား နာရင် လွှတ်ပေးနဲ့ ခြိမ်းခြောက်တာက မနာရင် လွှတ်မပေးနဲ့ဆိုပြီး တမင် ဉာဏ်များချင်တာမလား။
''ငါ့ရဲ့ချန်ယောလေး ပင်ပန်းနေပြီလား''
ခုံမှထကာ စွေ့ခနဲပွေ့ယူတဲ့အခါ နည်းနည်းလေးတောင် လန့်မသွားဘဲ လည်ပင်းဖက်လျက်နဲ့ ပါလာတယ်။ကုတင်ထက် တင်ပလွဲထိုင်ပြီး ပေါင်ပေါ်ကိုတင်ထားတော့လည်း ငြိမ်ငြိမ်လေး။
''အမောပြေစေချင် ဒီလိုလေးနေပေး''
''အသားယူတာပါကွာ''
''မငြင်းဘူး''
''ပတ်ချန်ယောရှီ...ဒါတွေ ဘယ်ကတတ်လာလဲပြော''
''နေ့တိုင်း ခိုအားလားလေးလို လိုက်ကပ်နေတဲ့ တစ်ယောက်ဆီက''
ဆိုတော့ ဟွန်းခနဲအသံပြုပေမဲ့ မျက်နှာလေးဟာ ချိုမြလို့။နားထင်စပ်က မှဲ့နက်ကလေးပေါ် နှုတ်ခမ်းတင်တော့ အသည်းယားသွားသလို တွန့်ခနဲ။
အားမလိုအားမရဖြစ်လာတဲ့အခါ ပေါင်ပေါ် တစောင်းတင်ထားရာကနေ မျက်နှာချင်းဆိုင် ပြောင်းထိုင်စေပြီး နှုတ်ခမ်းတွေကို နမ်းရှိုက်မိတယ်။အစပြုလိုက်ရင် အဆုံးမသတ်ချင်လောက်အောင်ထိ ဘတ်ခ်ဟျွန်းနှုတ်ခမ်းလေးတွေဟာ ချိုအီအီ။လက်ကလေး နှစ်ဖက် ရင်ဘက်ကို တွန်းလာခါမှ လွှတ်ပေးမိတော့..
''ကိုယ်ကတော့ အမောပြေစေ သူများကိုတော့ မောစေပေါ့လေ''
မျက်မှောင်လေးကုပ်လို့ ပြောလာတာ။မကြိုက်တာလည်း မဟုတ်ဘဲ ချစ်စဖွယ် မူလေးပိုပြီး အချစ်တိုးအောင် လုပ်တာ။ဘတ်ခ်ဟျွန်းက တကယ်ကို ငလည်လေး။