အခန်း ၁၈

591 93 1
                                    

Unicode

" ထကြတော့ ပြီးရင် ထွက်သွားကျ ၊ အနားယူချင်တယ် "

ဟုန်စဲ့ထွက်မသွားချင်သော်လည်း သခင်၏ အမိန့်ကိုမနာခံလို့မရသဖြင့် အားလုံးထွက်သွားကြရသည်။

ကွေ့ကျောက်ဟွား ကျောက်ရုပ်လို မလှုပ်မရှုပ်ကျန်ခဲ့ပြီး မျက်ရည်များတာကျိုးသလိုကျဆင်းထားပြီး
လက်ကိုဗိုက်ပေါ်ဖွဖွလေးတင်ပြီး

" ဒီတစ်ခါလည်း ကလေးကိုမကာကွယ်နိုင်ပဲ နာကျင်စေမိပြန်ပဲ ၊ ဒီလိုအသုံးမကျတဲ့ ငါ့လိုလူမျိုးစီမှာ
သန္ဓေလာတည်ရတာများလဲ "

ငိုရှိုက်၍အော်ဟစ်ရန်ပင်အားမရှိတော့။

ပထမအကြိမ်ကိုယ်ဝန်ပျက်ကျ(အရင်ဘဝ)တာကို
သူများကိုအပြစ်တင်လို့ရပေမယ့် ဒုတိယအကြိမ်ကလေးကိုထိခိုက်စေပြန်လျှင် ဒါသူကိုယ်တိုင်ရဲ့ အသုံးမကျခြင်းဖြစ်သွားလေပြီ။

" သမီးလား သားလား မသိပေမယ့် ကတိပေးတယ် ၊ အဆိပ်ခပ်တဲ့သူကဘယ်သူပဲ ဖြစ်ဖြစ်
ဆိုးရွားတဲ့အဆုံးသတ်ကိုရစေရမယ် "

ကွေ့ကျောက်ဟွား ဝမ်းဗိုက်ကိုစမ်းရင်း မျက်ရည်များထိန်းမရအောင်ကျဆင်းလာ၏။

အတင်းရှိုက်ငိုနေသဖြင့်အသက်ရှုမဝကာ မောပမ်းလာသည်။ မျက်လုံးများသည်မွတ်အစ်နေသဖြင့်
အမြင်အားရုံပင်သိသိသာသာကျဥ်းမြောင်းသွားပြီး
ခေါင်းများထိုးကိုက်လာသည်အထိပင်ဖြစ်သည်။

' အားးးးး ဘာလို့လဲ ဘာလို့ ကျန်းမာပြီးပျော်ရွင်ရ
မယ့်ကလေးတစ်ယောက်အဖြစ်မွေးဖွားခွင့်မပေးရတာလဲ '

' ငါသာပိုပြီးဂရုစိုက်ခဲ့ရင် ငါသာအစားအသောက်တွေကို မစားခဲ့ရင် အားးး အကုန် ငါ့အပြစ်တွေကြီးပဲ'

' ငါ့ကြောင့် ငါ့ကြောင့် '

ထျန်းခုန်းယွင် ညီလာခံပြီးသွားလျှင်ယွဲ့လျန်နန်းဆောင်သို့ အမြန်ပြန်လာလျှင် အဆောင်နားတွင်
ကျောက်ဟွား၏ အနီးကပ်အစေခံမိန်းကလေး ၄ယောက်ကိုတွေ့၏။

အထဲတွင်ဘာကြောင့်ပြုစုမနေလဲ ဟု မေးလိုက်ရာ
ကွေ့ဖင်သိသွားပြီဖြစ်ကြောင်းကြားလျှင် အထဲကို
အရှိန်တင်၍ ဝင်သွားလိုက်ရာကြမ်းပြင်တွင် မျက်ရည်များစီးကျကာ ' ငါကြောင့် ''ငါ့ကြောင့်' ဟု
ပြောရင်း အတင်းရှိုက်နေသည့် ပုံရိပ်ကြောင့် လန့်သွားပြီး ပြေးကာဖက်လိုက်မိသည်။

The Hided Love In Imperial Harem [ Rebirth ] Место, где живут истории. Откройте их для себя