Rainbow on deal

1.8K 160 10
                                    

Unicode

အဲ့ဒီနေ့ကကံဆိုးခြင်းနှင့်ကံကောင်းခြင်းကိုဒွန်တွဲလျက်ဂယူဘင်းထံသို့ကျရောက်စေခဲ့တာက ကံကြမ္မာလို့ခေါင်းစဉ်တပ်လိုက်ရင်လွန်ရာကျသလား..။

မတ်လရဲ့ သုံးပတ်မြောက် တနင်္ဂနွေနေ့ 23ရက်နေ့ ...1986..။

ရပ်ကွက်ထိပ်ကဘောလုံးကွင်းမှာ ကျောနံပါတ် 10ဆိုတာ ညနေတိုင်းမိန်းကလေးတွေတစ်ခဲနက်အားပေးကြတဲ့သူဖြစ်သည်..။ ဂယူဘင်းတို့လို့ဘောလုံးဝါသနာအိုးတွေကလဲ သူ့ဘက်ကိုယ့်ဘက်အကြိတ်အနယ်အားပေးကြတယ်...အဲ့အချိန်မှာ ယူဂျင်းတို့လို ကလေးတွေက လမ်းထဲကသုံးလုံးမျှသာရှိတဲ့တီဗီရှိသောအိမ် တစ်အိမ်ဖြစ်တဲ့ အန်တီဆောင်းမီတို့အိမ်ကိုရောက်ကာ တီဗီကြည့်ကြတယ်..။ 

"

ညနေစောင်းလို့မိူးမရွာရင် ရပ်ကွက်လေးရဲ့အသက်ဝင်ရာကဘောလုံးကွင်းသာဖြစ်သည်..။ အရံလူအဖြစ် အကျီလဲကာအဆင်သင့်စောင့်နေပေမဲ့ နည်းပြတစ်ဖြစ်လဲ အုပ်ချူပ်ရေးမှူးက ဂယူဘင်းကို စောင့်ခိုင်းထားပေမဲ့လူစားမလဲသေးဘူး..။လဲစရာမလိုအောင်သက်လုံပိုင်းနဲ့ပတ်သတ်ရင် ဟိုဘက်မြောက်ဘက်ပိုင်းကရပ်ကွက်ထက် သူတို့ဘက်ကပိုသာသည်..။

အထူးသဖြင့်မြင်ကွင်းထဲဝင်လာတဲ့ကျောနံပါတ်10..အော်ဟစ်သံတွေကအနီးတစ်ဝိုက်မှာဆူညံသွားသည်..။ ချွေးတွေဖြင့်မျက်နှာအား တဘတ်ဖြင့်သုတ်ပီး ထိုတဘတ်ကိုကြည့်နေသူတွေဘက်ပစ်ပေးသွားသော ထိုသူကြောင့် သူတိတ်တဆိတ်ပဲရယ်ရင်း ဖိနပ်အောက်က မြက်ပင်ငယ်လေးတွေကိုအကြောင်းပြချက်မရှိနင်းချေပစ်သည်..။ ထိုခဏ " ဂယူဘင်းရှောင်လိုက် "ဆိုသော အသံနှင့် မျက်စိရှေ့ကရိပ်ခနဲအရာက ဘောလုံးမှန်းသိလိုက်ချိန်မှာ နောက်ကျသွားသည်..

ခပ်ပြင်းပြင်းအရှိန်ဖြင့် မျက်နှာကိုလာမှန်သောဘောလုံးကခုံတန်းမှာထိူင်နေသောဂယူဘင်းကိုနောက်ပြန်လဲကျစေသည်..။ မျက်လုံးထဲမှာ ကြယ်ပုံစံတွေမြင်လိုက်ရတဲ့အထိ နှာခေါင်းရိုးကနာကျင်ကာ ညာဘက်မျက်လုံးတစ်ဖက်က ဝေဝါးသွားသည်..။ အနားသို့ဝိုင်းအုံလာသောလူတွေထဲမှာတစ်ဖက်အသင်းကလူတွေပါမှန်း အနီရောင်ဝတ်စုံတွေကသဲသဲကွဲကွဲမမြင်ရတဲ့ကြားထဲမှာပါနေသည်..။ 

You've reached the end of published parts.

⏰ Last updated: Oct 01, 2023 ⏰

Add this story to your Library to get notified about new parts!

Rainbow On Deal // 2binzWhere stories live. Discover now