Buy one get two <Oneshot>

5.9K 355 16
                                    

ကလေးတစ်ယောက်နဲ့ ယောင်္ကျားတစ်
ယောက်ကောက်ရထားသည်။ ( OneShot)💛

**************

"မင်းဘယ်သူလဲ ဘာကိစ္စငါ့အိမ်ရှေ့မှာလာ
ရပ်နေတာလဲ"

"ကိုကို ကျွန်တော်ကိုမေ့ရင်တောင် ကိုကိုနဲ့
တစ်ရုပ်တည်းသားလေးကိုတော့မမေ့သင့်ဘူး"

အိမ်ရှေ့တွင် လသားကလေးငယ်တစ်
ယောက်ကိုပွေ့ချီထားလျက် နှုတ်ခမ်း
တစ်ထော်ထော်ဖြင့်ဒေါသထွက်ကာပြောနေတဲ့ကောင်ငယ်လေးကိုကြည့်ပြီး လင်းအင်္သခ မျက်မှောင်ကြုတ်မိသည်။

"မင်းဘာတွေလာပြောနေတာလဲ မင်းကရောဘယ်သူလဲ"

"ကျွန်တော်ကို ကိုကို တာဝန်ယူရမယ်။"

"ဘာအတွက်လဲအကြောင်းရင်းက"

"ဒီလက်ထဲက လင်းမိုးအင်္သခက ကိုကိုသားအရင်း"

ကြောက်ရွံ့‌တုန်လှုပ်မှုပင်မရှိ အစစ်မှန်စကားပြောနေသလိုဖြစ်တာကြောင့် လင်းအင်္သခက

"ခဏလေး သူကငါ့သားဆို ဘယ်မလဲ ငါ့မိန်းမ ငါတစ်ခါမှ မိန်းကလေးတွေနဲ့မရှုပ်ဖူးပေါင်"

"ကျွန်တော်ကိုယ်တိုင် ဝမ်းနဲ့လွယ်မွေးခဲ့တာ"

"ဟမ်...."

"အပြင်မှာအေးနေပြီဗျ ကိုကို ကိုထိုင်စောင့်နေတာကြာပြီ။ပြီးတော့ သားလေးလည်း ပင်ပန်းနေလောက်ပြီ။"

လူရှိန်လည်း လင်းအင်္သခကိုတွန်းထုတ်ပြီးနောက်ခြံထံသို့ကလေးငယ်ကိုရင်ဝယ်ပိုက်လျက်ဝင်သွားသည်။ခြံထဲမှ အသံသေးလေးတစ်သံ

"ကိုကိုရေ အပြင်က ကျွန်တော့်ရဲ့အိပ်တွေပါသယ်လာခဲ့ပေးပါ။"

လင်းအင်္သခလည်းဘာလို့မှန်းပင်မသိ သူပြောသမျှကိုနားထောင်ပြီးနောက် အိမ်ရှေ့ကအထုပ်နှစ်ထုပ်ကိုသယ်လာခဲ့သည်။အိမ်ထဲကဧည့်ခန်းဆိုဖာပေါ်၌သျှားရှိန်ထက်ကထိုင်လိုက်ကာ ကလေးငယ်လေးကိုယ်ပေါ်က အနွေးထည်လေးကိုချွတ်ပြီး

"ဖေ့သားလေးလည်း ပင်ပန်းနေပြီ ဒါပေမယ့်မပူနဲ့သားဒယ်ဒယ်ဆီရောက်လာပြီ။"

"Wait what ဘယ်သူ့ကိုဒယ်ဒယ်လဲ"

"ကိုကို ကိုပြောတာလေ"

Buy one get two &lt;Oneshot&gt;Where stories live. Discover now