Concert Day
ပထမဦးဆုံး Fan တွေနဲ့ တိုက်ရိုက်တွေ့ခွင့်ရတာမို့ Universe တွေ အားလုံး စိတ်လှုပ်ရှားနေကြ၏။အမှားအယွင်းမရှိအောင် အကြိမ်ကြိမ်အခါခါ သေချာလေ့ကျင့်ထားပေမယ့် ရင်ခုန်စိတ်လှုပ်ရှားတာက ထိန်းမရ။ကွင်းတစ်ခုလုံးလည်း နိုင်ငံတစ်ဝှမ်းက ပရိတ်သတ်တွေ ပြည့်နှက်နေပြီး တစ်ခြားနိုင်ငံတွေကနေ တကူးတက လာကြည့်တဲ့ သူတွေတောင် ရှိ၏။
"စင်ပေါ်တက်ရန် အချိန် 5min ဘဲ ကျန်ပါတယ်..."
Outfit တွေလည်း အကုန်ပြင်ဆင်ပြီးသားမို့ စင်ပေါ်တက်ရန်ဘဲ ကျန်တော့တာ ဖြစ်၏။
"ကဲ Universe တို့ Fighting..."
"Fighting !.."
"စင်ပေါ်မတက်ခင် တစ်ခေါက်လောက် ဖက်ကြရအောင်..."
အငယ်ဆုံးလေးရဲ့ ဆော်သြမှုနဲ့အတူ သူတို့အကုန်လုံး ဝိုင်းပြီး ဖက်လိုက်ကြ၏။တစ်ခါတစ်ရံ leader ကြီးကို ကြောက်ရတာကလွဲပြီး ဒီအိမ်ငယ်လေးဟာ နွေးနွေးထွေးထွေး...။
"အမှားလုပ်မိမှာကို မကြောက်နဲ့...အမှားလုပ်မိလို့ တောင်းပန်ရမှာကို မရှက်နဲ့...."
"ဟုတ်ကဲ့ leader..."
"ကဲ...ကဲ...သွားကြမယ်... Firskp အဆင်ပြေရဲ့လား..."
"ပြေတယ် leader..."
"Ok ကျန်တဲ့သူတွေရော..."
"ပြေပါတယ်...."
"ဟုတ်ပြီ...ကဲ တက်တော့...."
Leader ကြီးက အကုန်လုံးကို စေ့စေ့စပ်စပ် စစ်ဆေးပြီး ဂရုစိုက်ပေးဖို့ကို မမေ့...သူ့လွင်ပြင်ငယ်လေးကိုလည်း အရိပ်တကြည့်ကြည့် ပါးစပ်ကနေ ထုတ်မပြောပေမယ့် သူ့လွင်ပြင်လေး ခေါင်းအစခြေအဆုံး အဆင်ပြေတယ်ဆိုမှ စင်ပေါ်တက်ခိုင်း၏။သူကိုယ်တိုင်လည်း စင်ပေါ်ရောက်တာနဲ့ မီးကုန်ယမ်းကုန် အင်အားရှိသမျှ အကုန်ဖျော်ဖြေတော့၏ လက်ထဲကို မိုက်ကရိုဖုန်း ရောက်လာတာနဲ့ အနုပညာပိုးက တကိုယ်လုံးအပြည့် ပျံနှံ့လာ၏။အမိုက်စားပုံရိပ်တွေနဲ့ စင်တစ်ခုလုံးကို ပြေးလွှားကာ ပရိတ်သတ်တွေနဲ့ တတ်နိုင်သမျှ အနီးကပ် ထိတွေ့ခဲ့၏။ Universe တွေကလည်း ခုန်ပေါက်ကာ အားအင်ရှိသမျှ ဖျော်ဖြေသလို Aliens တွေရဲ့ အော်ဟစ်အားပေးတဲ့ အသံဟာလည်း တစ်ကွင်းလုံး ပြည့်လျှံထွက်နေ၏။Universe တွေရဲ့ Debut song ဖြစ်တဲ့ Who am I ဆိုတဲ့အချိန်က အသံအကျယ်ဆုံးလို့တောင် ပြောလို့ရ၏။oufit တွေ တစ်စုံပြီး တစ်စုံလဲရင်း မောပန်းတာတွေကိုလည်း ဂရုမစိုက်နိုင်။အကုန်လုံး စိတ်အားထက် သန်မှုအပြည့်ဖြင့် Aliens တွေရှေ့ ကခုန်ရတာကို ပျော်မွေ့နေကြ၏။ Concert က နှစ်ရက်ဘဲ လုပ်တာမို့ မလာနိုင်တဲ့ Aliens တွေက online ကနေ ကြည့်ရှု့ခွင့်ရ၏။တဖြေးဖြေးနဲ့ Concert First Day ရဲ့ ending ment ပြောရမယ့် အချိန်ကို ရောက်လာ၏။ ခွဲရတော့မယ့် အချိန်ရောက်လာတော့ အားလုံးဟာ မျက်ရည်အဝဲသားဖြင့်။စိတ်ထားနုတဲ့ Win နဲ့ Firstkp ကတော့ မျက်ရည်လည်ရွှဲနဲ့ ဖြစ်နေပြီဖြစ်၏။leader ကြီးက Win ရဲ့ ပုခုံးကို ဖွဖွဖက်ကာ အငိုတိတ်အောင် နှစ်သိမ့်နေ၏။စင်ပေါ်ရောက်နေတာကို မေ့ပြီး မျက်ရည်တွေကို လက်နှစ်ဖက်ဖြင့် သေချာသုတ်ပေးနေ၏။
YOU ARE READING
Falling In Love (Completed)
FanfictionPlot ရတိုင်း ထရေးချင်ပေမယ့် လူက အဲ့လောက် မလိုက်နိုင်ဘူး ဖြစ်နေတယ် မြတ်နိုးရာလေးတွေမို့ Fiction ထဲ ထည့်သိမ်းထားချင်တဲ့ သဘောပါ ဒီထဲမှာတော့ Phi Bright ကို ကိုယ်ဖြစ်စေချင်တဲ့ အတိုင်း ပုံဖော်ထားပါတယ် အမြဲတမ်း ခံစားချက်တွေကို ဖုံးကွယ်တတ်လွန်းလို့ ခံစားချက...