Did they ever hold each other tight like us?
Did they ever fight like us?
You and I, we don't wanna be like them
We can make it 'til the end
Nothing can come between you and IYou and I
One Direction___________________
'အိမ်ပြန်ရောက်သွားပြီလားဟင်'
' ကိုကို ပြန်ရောက်ပြီ မင်းဘာလုပ်ချင်လို့လဲ
ဂျုံအင်..''ကျွန်တော်စာနားမလည်လို့ ...'
' ကိုကိုရှိတုန်းက ဘာလို့မပြောတာလဲ'
'မဆူပါနဲ့..'
' ကိုကို ပြန်တော့မလာတော့ဘူး..။
မင်း ကို video call ခေါ်လိုက်မယ်။ အဲ့ဒီကနေ
ရှင်းပြမယ်''ဟုတ်'
မကြာပါ။ ဂျုံအင့်ရဲ့ iPad လေးဆီကို
ကိုကို့ဆီမှ video call ဝင်လာခဲ့သည်။ကိုကိုက အင်္ကျီပင်မလဲထားရသေး..။
အိမ်ကိုစာလာပြသွားတဲ့အတိုင်း
ကြယ်သီးနှစ်လုံးဖြုတ်ထားပြီး ၊ လက်ကို
တံတောင်ဆစ်ထိပင့်ခေါက်ထားတဲ့
အပြာနုရောင် ရှပ်လက်ရှည်နဲ့ style pant
အနက်ကို တွဲဖက်ကာ ဝတ်ထားဆဲဖြစ်သည်။" ကိုကို့ကိုပြလေ .. ဘယ်ဟာ နားမလည်တာလဲ"
ကိုကိုက ပြောသည့်အခါ ဂျုံအင်က စားပွဲပေါ်က
စာအုပ်လေးကို တဖြတ်ဖြတ်လှန်လိုက်ပြီးမှ
စာတစ်ပုဒ်ကို လက်ညှိုးထိုးပြလိုက်သည်။" ဂျုံအင်.."
"ဟုတ်"
" မင်းပြနေတဲ့စာမျက်နှာက ကိုကိုတို့
လုံးဝမသင်ရသေးတဲ့ အခန်းပါ.."ဂျုံအင် မျက်နှာလေးမထားတတ်ဖြစ်သွားရသည်။
"ဟို..."
" ကိုကို့ကို မနှောက်ယှက်နဲ့တော့နော်.. ။ ကိုကို
နားတော့မယ်။ အရမ်းပင်ပန်းနေပြီ"ဂျုံအင် ဘာမှမပြောရသေးခင်မှာပဲ ကိုကိုက
Video call ကို end သွားခဲ့သည်။ဒီနေ့အတွက်..
ကိုကို့ကို ခဏလောက်လေးပဲဖြစ်ဖြစ်
ထပ်တွေ့ချင်ခဲ့ရုံပါ..။