မသဲကွဲသောအမြင်အာရုံ
လေးလံနေသောခြေလှမ်းများ
တယိမ်းတယိုင်ဖြစ်နေသော ခန္ဓာကိုယ်
ဟိုတယ် စင်္ကြန်ကို မှီရင်းလျှောက်လှမ်းလာတဲ့ဝမ်ရိပေါ်
တခါတခါ စင်္ကြန်ဟာ စောင်းသွားသလို
ဟိုတယ်အခန်းတံခါးများ ဝေးသွားသလို
သူ့အတွက် ယခုအချိန်ဟာ အင်မတန်ခက်ခဲလှပါတယ်
party မှာလူရှင်းတုန်းထွက်လာမိတာ မှားပြီလို့တောင်
ဆိုရပါမယ် လမ်းဆုံတစ်ခုရောက်ခိုက်
"ခွမ် ခွမ်းး"
"အား!"
သူ့ရဲ့အရှေ့မှာရှိနေတဲ့ ဟိုတယ်ကောင်လေးပေါ်ကို တ
ယိမ်းထိုးပြီး ကျသွားပါတယ်
"လူကြီးမင်း လူကြီးမင်း
ဘယ်လိုလုပ်မလဲ အင့် အရက်နံ့တွေက နံလိုက်တာ "ဟိုတယ် ဝန်ထမ်းစလုပ်တာ မကြာသေးတော့ အရက်နံ့ကို
ရှောင်းကျန့်ကျင့်သားမရသေးပါ
( တော်တော်မူးနေပုံရတယ် )
ရှောင်းကျန့်အင်္ကျီကို ဟိုစမ်းဒီစမ်းလုပ်ကြည့် မာမာကတ်လေး
တစ်ခုကိုစမ်းမိသွားတော့ ထုတ်ကြည့်လိုက်တယ်
သူထင်တဲ့တိုင်းပဲ အခန်းသော့ အပေါ်မှာရေးထားတဲ့
စာလုံးက RN. 508 တဲ့
ရှောင်းဘေးဘီကြည့်လိုက်တော့ သူတို့ရှိနေတဲ့ ရှေ့က အခန်းက 500 တဲ့
ရှောင်းကျန့် ဝမ်ရိပေါ်ကို သူပြန်ပို့ပေးဖို့ ဆုံးဖြတ်လိုက်ပြီး
ဝမ်ရိပေါ်ကို တွဲလိုက်၏။ အနောက်တိုင်းဝတ်စုံ အကျအန
ဝတ်ထားတဲ့ ဝမ်ရိပေါ် ခန္ဓာကိုယ်ဟာ အခန်း 508 ရှေ့ကို
ရောက်လာပါပြီ ရှောင်းကျန့် တံခါးဖွင့်ပြီး အခန်းဝင်လာခဲ့၏
ဝမ်ရိပေါ်ကို ကုတင်ပေါ် တင်ရင်း ဝမ်ရိပေါ် သူ့ခန္ဓာကိုယ်ပေါ်
ကို အန်ချလိုက်၏
"အော့"
". .........."
YOU ARE READING
Crush on the mafia gang
Fanfiction🔞 Yizhan 🔞 18 plus ပါ ဘာညာခန်းတွေပါမယ်ပေါ့နော် အဲတော့ ဖတ်ချင်မှဖတ်ပါ ပြီးမှ ရိုင်းတယ်ဘာညာတော့မပြောနဲ့ အပေါ်မှာ ပြထားပြီးသား 🔞 လို့ စာဖတ်တတ်ရင်မြင်မှာပါ up ခိုင်းတဲ့သူတွေများလို့ ခွန်းဆက်ရေးတာပါ