My Lord, I love you

32 4 0
                                    

Zawgyi

ရှိုင်းနသာမျိုးနွယ်- (နသာဆန်းအိမ်တော်)

' 'ရှုံးဆုံးခဲ့ရတဲ့ အသက်တစ်ချောင်းအတွက်၊ အသက်တစ်ချောင်းက အစားပြန်လျော်ပေးရမှာပဲ၊ ဒါပေမဲ့ ငါကအဲ့လောက်ရက်စက်တတ်တဲ့ သူမှ မဟုတ်ဘဲ။ ဖြစ်ပျက်ဖူးခဲ့တဲ့ အတိတ်တစ်ဖန်ပြန်လည်စေရမယ်၊ အဟင်း ကျိန်စာပေါ့၊ အဲ့ဒီကျိန်စာကို ဖြေဖို့ ဒီကလေးလေးက သော့ချက်ပေါ့၊''

နာကျည်းမှုကို ဖုံးကွယ်ထားသည့် အသံနှင့် အမျိုးသမီးတစ်ယောက်ဟာ လက်ထဲမှာ ပွေ့ဖက်ထားသည့် ဖြူဥနေတဲ့ ကလေးလေးကို ကြည့်ပြီးဆိုလိုက်သည်။ အပြစ်ကင်းမဲ့နေတဲ့ ကလေးလေးကတော့ အိပ်မောကျနေဆဲ။ ထိုအမျိုးသမီးက ကလေးကို အမျိုးသားတစ်ယောက်လက်ထဲထည့်လိုက်ပြီး စကားဆိုလာတယ်။

''ဒီကလေးရဲ့ Gender အားလုံးကို ပိတ်တဲ့ ဆေးထိုးလိုက်၊ ဒီကလေး လုံးဝ ရုပ်ဆိုးတဲ့ သာမန်လူတစ်ယောက်ဖြစ်ရမယ်၊ ဒီကလေးကို အသက်၁၀နှစ်အထိ ငါ့ကို ကူညီပြီး စောက်ရှောက်ပေးထား၊ အသက်၁၀နှစ်ပြည့်တာနဲ့ စေယံသရာမျိုးနွယ်ဆီ အစေခံအဖြစ်ပို့လိုက်။ အဲ့တာနဲ့ နင်တာဝန်ပြီးပြီး။ ဒီကိစ္စကို နင်နဲ့ ငါပဲ သိပါစေ''

ထိုအမျိုးသားဟာလည်း ခေါင်းအသာငြိမ့်ပြီး ကလေးကို ပွေ့ကာ ထွက်ခွာသွားတော့သည်။

''ငါရှုံးဆုံးခဲ့ရတဲ့ သူမအတွက် ဒီလောက်တော့ ပြန်လုပ်သင့်မလား''

////////////////////////////////////////////////

ပတ်ဝန်းကျင် လေထုဟာ Alpha pheromones ရဲ့ ဖိနှိပ်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ဒီအနားတွင် လူ၂ယောက်မှ လွဲ၍ မည်သူမှ ရှိမနေခဲ့ပါချေ။ တင်းမာမှုဟာလည်း ပိုပြီးကြီးမားလာတယ်။

တစ်ယောက်ဟာ ကြမ်းပြင်ပေါ်မှာ အရုပ်ကြိုးပြတ်သလို လဲကျနေခဲ့ပြီး ကျန်တစ်ယောက်မှာတော့ ဒေါသကြီးစွာနဲ့ ဆင်ခြင်မှုမရှိဘဲ သူ့ရှေ့က လူကို စိုက်ကြည့်နေခဲ့တယ်။

သူဆပ်ခနဲ အားပြင်းပြင်းဖြင့် အရိုက်ခံလိုက်ရသည့် ပါးပြင်နီရဲရဲလေးကို ကိုင်ရင်း တုန်လှုပ်နေမိပါတယ်။ သို့သော် သူမအံ့သြပါဘူး။ ဒီလိုဖိနှိပ်မှုတွေမှာ သူအသားကျနေပေမဲ့ သူနာကျင်နေရဆဲပဲ။ သူတကယ်ကို အရှုံးပေးလိုက်ပါတော့မယ်။ သူဒီလူသားကို ချစ်မိခဲ့တာ နောင်တမရပါဘူး။ ဒါပေမဲ့ ဆက်မချစ်ရဲတော့ဘူး။ နာကျင်မှုမှာ အသားကျနေပေမဲ့ ဆက်မနာကျင်ချင်တော့ဘူး။ သူလက်လွတ်သင့်ပီထင်တယ်။

My Lord, I love youWhere stories live. Discover now