" သည်းငယ် "သူ့ရှေ့ဖြတ်လျှောက်သွားတဲ့ကောင်လေးငယ်ကို ချွဲဝူဘင်လှမ်းခေါ်မိ၏။ဒါပေမဲ့ ထိုကောင်လေး,တစ်နည်းအားဖြင့်ရည်းစားဟောင်းလေးဟာ သူ့ကိုရှိသည်ဟုပင်မထင်။ဝူဘင် စိတ်မကောင်းဖြစ်ကာ သက်ပြင်းချလိုက်ပြီးနောက်
" ဂျယ်ယွန်း "
" ရှင်းမ်ဂျယ်ယွန်း "
လူအများကြီးရှိတဲ့ ကျောင်းကန်တင်းမှာအခေါ်ခံလိုက်ရတာမို့ ဂျယ်ယွန်းရှက်သွားမိတယ်။ အသိသူငယ်ချင်းဆိုရင်ကိစ္စမရှိပါဘူး။သို့သော် ပတ်သက်ခဲ့ဖူးသော ရည်းစားဟောင်းဆီက နာမည်ခေါ်ခံလိုက်ရတော့ အတော်လေးစိတ်ပျက်သွားသည်။
ဒါ့အပြင် ဆိုင်ထဲကလူတွေရဲ့မျက်လုံးတွေဟာ သူတို့ဆီမှာပဲရှိနေတာကြောင့် ဂျယ်ယွန်း အသက်ရှူကျပ်သလိုတောင်ခံစားရတယ်။မကြိုက်ဘူး။လုံးဝ လုံးဝကိုမကြိုက်တာ။
" သည်းငယ် ကိုယ်တို့ပြန်တွဲကြရအောင် "
ချွဲဝူဘင်ရဲ့ခြေလှမ်းကျဲတွေက သူ့ဆီချည်းကပ်လာပြီး နှစ်ကိုယ်ကြား,ကြားရအောင် ခပ်တိုးတိုးဆိုသည်။အများအမြင်မှာတော့ သူတို့ကိုရန်ဖြစ်ထားကြတဲ့စုံတွဲဟု ထင်နေကြလိမ့်မယ်။အထူးသဖြင့် ထမင်းဆိုင်ထဲက ကျောင်းသူလေးတွေဟာ စပ်စုတဲ့အကြည့်ဖြင့် သူတို့ကိုကြည့်နေ၏။ ဒါဟာသေချာပေါက် ဂျယ်ယွန်းမကောင်းကြောင်းပဲဖြစ်ပါမည်။
တကယ်တော့ မကောင်းတဲ့လူဟာ ဂျယ်ယွန်းမဟုတ်ပဲ သူတို့ကျောင်းရဲ့ကင်း,ချွဲဝူဘင်မှန်း ဘယ်သူမှသိကြမှာမဟုတ်ဘူး။
ဂျယ်ယွန်းနားထဲမှာ သေချာပေါက်ဝူဘင်ရဲ့စကားကိုကြားခဲ့သော်လည်း မသိကျေးကျွန်ပစ်ထားလိုက်သည်။ ခြေလှမ်းတွေရပ်သွားပေမယ့် ခဏမျှသာ။
ဒါပေမဲ့ ဆိုင်ထဲက,တစ်နေရာမှာထိုင်မယ့် ဂျယ်ယွန်းရဲ့လက်ကောက်ဝတ်ကို အမြန်ဖမ်းဆုပ်လိုက်သည်။ ချွဲဝူဘင်က နူးညံ့ကြင်နာတတ်တယ်လို့ထင်ရသော်လည်း ဧကန်တော့မဟုတ်နေတာပဲ။
" ဂျယ်ယွန်း ကိုယ်တို့ပြန်တွဲကြရအောင်။ ကိုယ်မင်းကိုချစ်တယ် "
YOU ARE READING
𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]
FanfictionSim Jaeyun, Jake is a music student from a famous university and had a boyfriend. His life is peaceful until he does not meet someone. Park Sunghoon is a handsome high school student who hides many secrets. Language- Burmese🇲🇲 ...