အပိုင်း -၁၆

3.8K 233 2
                                    


ရွှေမော်ဓောဘုရားပွဲတော်ကြီး...

ဘုရားပွဲနေရာနှင့် အတော်ဝေးသည့်နေရာအထိ လူများကြိတ်ကြိတ်တိုးပြီး လူအုပ်ကြီးကြား အပ်ကျလျှင်ပင် မြေပေါ်ရောက်ပါ့မည်လားမသိအောင် စည်ကားလှသည်။

ကားများရပ်ရန်နေရာတွင် ရှေ့ဆင့်နောက်ဆင့် ရပ်လာသည့် ကားများ...

နံ့သာနှင့် ကောင်းကင် အပါအဝင် ရာရာတို့ ကလေးငါးယောက်အဖွဲ့က ရွှင်မြူးသွက်လက်စွာ ပြေးနေသကဲ့သို့ မိဘများအဖွဲ့ကလည်း နောက်မှလိုက်လာသည်။

နံ့သာကတော့ ရာရာနှင့်အရိပ်လည်မည်ကို သိကတည်းက သူ(မ)ပါ ကြိုတင်စာရင်းပေးပြီးသားပင်။

မှန်သားတို့ ပွဲတော်လည်မည်ဟု ဖုန်းဆက်ချိန်တွင် လွင်ပြင့်ညီမ ကောင်းကင်ကပါ အတူတူလည်ချင်သည်ဟု ပူဆာလာခဲ့သည်။

မိဘများကတော့ ကျောင်းမှလာကြိုရင်း ကလေးများကို စိတ်မချ၍ အတူတူလိုက်လာခဲ့ကြခြင်း။

ကျောင်းဆင်းကတည်းက ပွဲတော်ဆီတန်းလာခဲ့သြာ်မို့ ကားထဲတွင်တော့ ပစ်ချထားခဲ့သည့် ကျောပိုးအိတ်များက ဖရိုဖရဲ...

ပထမဦးဆုံး ပွဲဈေးထဲသေချာမလည်သေးဘဲ စေတီရင်ပြင်သို့ တက်သွားကြဖို့ သဘောတူလိုက်ကြသည်။

မုဓ်ဦးဝမှ လည်ရေးသုံးရစ်ဖြင့် ခြင်္သေကြီးနှစ်ကောင်ကလည်း အလွန်ပင်အနုပညာလက်ရာမြောက်လှ၍ အချိုးအဆစ်ကျနစွာ မော်ကြွားလျှက် ဆီးကြိုနေ၏။

အခြားခြင်္သေ်ရုပ်တုကြီးများစွာကို မြင်ဖူးသော်လည်း ဤခြင်္သေ့ကြီးများက ပို၍ပင်အသက်ဝင်ကာ ထူးထူးခြားခြားလှပလွန်းသည်ဟု ထင်မိလောက်အောင်ပင်။

စေတီသို့ရောက်တိုင်း မြင်ဖူးနေကြဖြစ်သော်လည်း ကြည့်မဝနိုင်ဘဲ ထပ်ခါထပ်ခါကြည့်ချင်လာအောင် ဆွဲဆောင်နိုင်သော ခြင်္သေ့ကြီးများပါပေ။

ဈေးပွဲတော်တွင် လူများတိုးမပေါက်သော်လည်း စေတီပရဝုဏ်တွင်ကား လူစည်ကားသည်ဆိုရုံမျှသာ။

ဘုရားပရဝုဏ်အတွင်း ဝင်လျှင်ဝင်ချင်း ထုံသင်းနေသည့် ခရေရနံ့များကလည်း ကြိုင်လှိုင်စွာသင်းပျံ့နေသည်။

Cupid's Compass (Completed )Where stories live. Discover now