ညနေလေးနာရီ-
မိုးတစ်ယောက်ကျောင်းဆင်းဆင်းချင်းအိမ်ကိုပြန်လာခဲ့သည်။သူ့အိမ်ကနေလသုခစံအိမ်ကြီးထဲမှာရှိသည့်ခြံဝင်းအစွန်ကလုံးချင်းအိမ်ကလေး။
မိုးအမေကနေလသုခစံအိမ်ကြီး၏စားဖိုမှူးဖြစ်သည်။မိုးကကျောင်းမှာဆိုရင်သူ့နာမည်မိုးဆန်းပန်း
ဖြစ်ပေမဲ့ဒီနေရာမှာတော့သူကလန်းဆန်းပန်း။မိုးနဲ့လန်းလန်းကငယ်ငယ်ကတည်းကခွဲခွာနေခဲ့ရသည့်အမွှာမောင်နှမတွေဖြစ်သည်။အဖေနဲ့အ
မေကွာရှင်းတဲ့အချိန်မှာကလေးတစ်ယောက်စီခွဲယူခဲ့ကြသည်။မိုးနဲ့လန်းလန်းတက္ကသိုလ်တက်
သည့်အချိန်တွင်မောင်နှမနှစ်ယောက်ပြန်ဆုံတွေ့ခဲ့ကြသည်။မောင်နှမနှစ်ယောက်ကသူတို့ချင်းတွေ့ရတာကိုအားမရနိုင်ဘဲအဖေအမေတွေနဲ့ပါတွေ့ချင်လာတော့အကြံအဖန်ထုကြသည်။နှစ်ယောက်သားရုပ်ချင်းတူနေတာကိုအသုံးချပြီးလူချင်းလဲခဲ့ကြသည်။
လန်းလန်းကသူ့အဖေဆီသွားနေဖို့အတွက်သူ
မရဲ့ဆံပင်ရှည်တွေကိုဖြတ်ပစ်ပြီးဆံပင်တိုတို
ညှပ်ခဲ့သည်။မိုးကတော့လန်းလန်းရဲ့ကျောလယ်ထိရှည်တဲ့ဆံပင်ပုံစံကိုရဖို့ဆံပင်တုဝယ်ပြီးစွပ်ခဲ့သည်။အခုချိန်ထိတော့သူတို့နှစ်ယောက်ကမိဘတွေအိမ်မှာတစ်ညအိပ်ပဲနေဖူးသေးတာမို့သံသယဝင်တာမခံရသေးပေ။
ဒီနေ့ကသူတို့မောင်နှမလူချင်းလဲတာသုံးကြိမ်
မြောက်။နှစ်ယောက်လုံးကဆံပင်တိုတွေဖြစ်ကုန်တာမို့လန်းလန်းကိုယ်တိုင်လည်းအမေ့အိမ်မှာ
နေရင်ဆံပင်တုစွပ်ပြီးနေရသည်။မိုးလည်းသုံး
ကြိမ်မြောက်မှာဆံပင်တုနဲ့နေသားကျလာပြီ။ဒီအပတ်ကစနေ၊တနင်္ဂနွေပိတ်ရက်ဆိုတော့အ
ဖေအမေနဲ့ပျော်ပျော်ကြီးနေခွင့်ရမဲ့အခွင့်အရေး။လန်းလန်းအစစ်ကမိုးအယောင်ဆောင်ပြီးသူ့အ
ဖေဆီထွက်သွားခဲ့ပြီ။မိုးကလန်းလန်းအယောင်
ဆောင်ပြီးအမေ့အိမ်ကိုရောက်လာခဲ့သည်။မိုးအိမ်ပြန်ရောက်ရောက်ချင်းမိုးအမေက-"သမီးရေချိုးပြီးရင်ဒီအဝတ်အစားတွေဝတ်နော်"
မိုးသူ့အမေချထားတဲ့အဝတ်အစားတွေကိုကြည့်လိုက်သည်။စံအိမ်တော်ကဝန်ထမ်းတွေဝတ်တဲ့အဝတ်အစားပဲ။
YOU ARE READING
My Cinderella boy (Completed)
General Fictionအရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီဘဲကွဲလွဲတာလေးတွေရှိကောင်းရှိနိုင်ပါတယ်🤗 >>>>>>> အရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီ...