Part - 16

3.4K 336 27
                                    

Unicode -----

Bad Guy's Boyfriend { 16 }
.
.
.
.
.
.
.

2 နှစ်ခန့်ကြာသော်........

" ကီးလေးရေ သားသား....
သားသားဘယ်မှာလဲ "

အဂျီတို့ Seoul ကိုစွန့်ခွာပြီး iksan မြေကိုပြောင်းလာခဲ့တာပဲ သားလေးတစ်သက်ဖစ်နေပါပြီ.....( Iksan သည် တောင်ကိုးရီးယား၊ North Jeolla ပြည်နယ်ရှိ မြို့နှင့် အဓိက မီးရထားလမ်းဆုံဖြစ်သည်။ မြို့လယ်နှင့် မီးရထားလမ်းဆုံကို ယခင်က "Iri" ဟုခေါ်တွင်ခဲ့သော်လည်း 1 တွင် Iksan County နှင့် ပေါင်းစည်းခဲ့သည်... by// google )

အချိန်တွေကဘာလိုလိုနဲ့ 2 နှစ်ကျော်တောင်ကြာခဲ့ပြီမို့ အခုဆိုသားလေးအသက်ကလဲ
2 နှစ်ကျော်ထဲမှာပါပဲ

လိမ်မာပြီးထက်မြတ်လွန်းတဲ့သားလေးက အသက်ရွယ်နဲ့မလိုက် သွက်လက်ချက်ချာလွန်းတာလဲ မပြောပါနဲ့တော့

အဂျီတို့ပြောင်းလာကတည်းက အဂျီတို့နဲ့ခြံခြင်းကပ်လျက် အိမ်ရှင်အန်တီကြီးက သဘောကောင်းလွန်းတာမို့ အဂျီ့အတွက်တော့ မိသားစု၀င်အသစ်တစ်ယောက်ရလိုက်သလိုပါပဲ

အဖေရောအမေရော ဆုံးရှုံးခဲ့ရတဲ့ အဂျီ့အတွက် အန်တီ Yiren ကအမေတစ်ယောက်လိုပါပဲ

ဒီကိုစပြီးပြောင်းလာကတည်းက အစစအရာရာလိုလေသေးမရှိ အဂျီ့ကိုဖြည့်ဆည်းပေးခဲ့သလို
အဂျီမီးဖွားတော့လဲ ဆေးရုံမှာနေ့ညမပြတ်ဆေးရုံကဆင်းတဲ့အချိန်ထိ လူနာစောင့်လုပ်ပေးသူက အန်တီ Yiren နဲ့ အန်တီလေး Dosie တို့သာ

ထယ်နဲ့ Hoba ကတော့ Seoul ကမို့ အဂျီမီးဖွားတော့ချက်ချင်းမလာနိုင်ခဲ့ကြပေမယ့် ဆေးရုံကဆင်းတော့ သားလေးရက်တစ်ရာပြည့်တဲ့အထိတိုင် နေသွားခဲ့ကြတာပါပဲ

အခုတော့ သူတို့လဲ သူတို့အလုပ်နဲ့သူတို့မို့
နှစ်ပတ်တစ်ခါတော့ ရောက်အောင်လာနေကြသည်

သားလေးပျောက်လို့လိုက်ရှာနေရင်းက အတိတ်ဆီကို အတွေးတွေပြန်ရောက်နေမိတော့ အဂျီတစ်ယောက် ငေးငိုင်သွားချိန်

" ဖေဖေ့ သားသားလေးက ဘွားဘွား yiyi ဆီမှာ‌ဖေဖေ "

အလယ်ကခြံတံတိုင်းကိုဖြိုချကာ ခါးလောက်ပဲရှိတဲ့ ခြံတံခါးကိုပြန်လုပ်ထားပြီး ဟိုဘက်အိမ်ဒီဘက်အိမ် ကူးသန်းသွားရလွယ်အောင် တံခါးလေးတပ်ထားတာကြောင့် အိမ်ရှေ့ကနေသွားစရာမလိုတော့ပဲ အလည်ခြံတံခါးသေးသေးလေးကနေ ကူးသွားယုံသာ....

Bad Guy's Boyfriend ( U+Z ) [ Complete ]Место, где живут истории. Откройте их для себя