[Zawgyi]
ဒုတိယနေ့ ,
စုပေသည် သူ့ခြေကျင်းဝတ်ကပိုနာလာသဖြင့်
သက်သာလို့ရငြားထိုင်ပွတ်နေစဉ် အခန်းထဲသို့
စုရှီဝင်လာသည်။သူမ၏အပြုံးက အကြံအစည်များတဲ့လူတွေလိုပဲ
ရည်ရွယ်ချက်ကောင်းရှိပုံမပေါ်ဘူး။စုရှီသည်စုပေ၏ရှေ့တည့်တည့်တွင် ရပ်လိုက်ကာ ,
"စုပေ...အဖေ့ကိုအပြစ်မတင်လိုက်ပါနဲ့...
အဖေကနင်ကောင်းဖို့အတွက် လုပ်တာပါ"စုပေကဘာမှပြန်မပြောဘူး။စုရှီ၏အပြုံးက ချက်ချင်း
ဆိုသလို ပြောင်းလဲသွားကာ...,
"နင့်ကြည့်ရတာ ပျင်းနေသလိုပဲ ငါနင့်ကို
လမ်းလျှောက်ဖို့ အပြင်ခေါ်ထုတ်သွားမယ်"ထပ်ပြီးတော့ ဒီစကားပဲလား?အသစ်လေး ဘာလေးများ
မရှိဘူးလားဟမ်!စုပေခမျာ ငြင်းဆန်ဖို့တောင်
ရှက်ရွံ့နေပြီ။သို့သော်လည်း သူခိုင်မာစွာငြင်းဆိုလိုက်သည်။သူ
ဒီတိုင်းငြင်းမယ်ဆို စုရှီကအရေးလုပ်မှာတောင်
မဟုတ်ဘူး။ထို့ကြောင့် အဖေ့ကိုဆွဲထည့်ပြီး သူမကို
ဖိအားပေးသည်။
"အဖေက ကိုယ့်ကိုကိုယ်ဆင်ခြင်သုံးသပ်ဖို့ ငါ့ကို
အခန်းထဲမှာပဲနေခိုင်းထားတာ"စုရှီကပြုံးလိုက်သည်။
"အဲ့လိုမဟုတ်ပါဘူး..အဖေကငါ့ကိုအရမ်းချစ်တာလေ..
အဲ့တာကြောင့် ငါနင့်ကိုခေါ်ထုတ်သွားလဲသူစိတ်မရှိ
လောက်ပါဘူး"စုပေ၏နှုတ်ခမ်းထောင့်စွန်းတွန့်သွား၏။
"နင်ဒီကိုလာကြွားနေတာလား"စုရှီသည်မူမမှန်စွာပြုံးလိုက်သည်။
"အဲ့လိုသဘောမျိုးမဟုတ်ပါဘူး။ငါက နင်မပျင်းအောင်
ကြိုးစားပေးနေတာပါ"စုပေမျက်တောင်ခတ်လိုက်သည်။နုနုရွရွစကားတွေ
လာမသုံးပါနဲ့ ဟုတ်ပြီလား...
"ငါပျင်းမနေဘူးလို့!"စုရှီက လှောင်ပြောင်လိုက်သည်။
"နင့်မှာရွေးချယ်ခွင့်ရှိတယ်လို့ ထင်နေတာလား"ထိုစကားပြောပြီးနောက် အပြင်ကနေလူတစ်ယောက်
ဝင်လာကာ စုပေကိုအတင်းချီမလိုက်သည်။စုရှီ
ခိုးကြောင်ခိုးဝှက်ဖြင့် ပတ်ဝန်းကျင်ကိုအကဲခတ်
ကြည့်သည့်အခါ အနီးအနားတွင်အစေခံများမရှိသဖြင့်
စုပေကိုအဝေးသို့ခေါ်သွားရန် ထိုလူ့ကို အမိန့်ပေးလိုက်သည်။
ESTÁS LEYENDO
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomanceEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...