《128》[မိသားစု အရှုပ်​တော်ပုံ]

4.6K 770 3
                                    

[Zawgyi]

ဖြစ်စဉ်အစကနေအဆုံးထိ စုပေတစ်ချက်တောင်မညည်း
ညူခဲ့ဘူး။အခုလိုမျိုး အားတင်းတောင့်ခံနေတဲ့
စုပေရဲ့ပုံစံကို ဟန်စန်းရီတစ်ခါမှမမြင်ဘူးခဲ့ပေ။

748 :"ဆွဲဆောင်ခြင်းယူနစ်ဘားတန်း 5% တိုးလာပါသည်။တိုးတက်မှုဖြစ်စဉ် 85% ပါ"

နာကျင်မှုကိုအားတင်းတောင့်ခံနေရတာကြောင့်
System ကိုလှောင်ပြောင်ရန် စုပေစိတ်မပါတော့
ချေ။ထို့ပြင် သူကြိုးစားဖြည်နေပေမယ့်လည်း
သူ့လက်ကိုချည်ထားတဲ့ကြိုးက အခုထိမပြေနိုင်ဘူး။

ဝူရွေ့၏အော်သံထွက်လာသည်။
"သူ့ကိုပစ်လိုက်!မင်းပဲငါ့ကိုအယုံသွင်းချင်နေတာ
မဟုတ်ဘူးလား"

ဟန်စန်းရီနဲစုပေတို့ အချင်းချင်းပြန်ကြည့်လိုက်
ကြသည်။စုပေသည် ဟန်စန်းရီကိုအသံမထွက်ဘဲ
နှုတ်ခမ်းလှုပ်ရုံဖြင့်နှင့်သာ စကားလှမ်းပြော
သည်။
'ငါ့ကိုပစ်လိုက်ပါ။ငါအဆင်ပြေတယ်'

ဟန်စန်းရီသည်ခလုတ်ကိုတဖြည်းဖြည်းနှိပ်ကာ
ပစ်ရန်ပြင်လိုက်သည်။သို့သော် သူသည်စုပေကို
ပစ်လိုက်ခြင်းမဟုတ် သေနတ်ကိုင်ထားသည့်
ဝူရွေ့၏လက်ကောက်ဝတ်ကိုပစ်လိုက်ခြင်းဖြစ်သည်။
ဝူရွေ့ကလည်း ချက်ချင်းပြန်တုံ့ပြန်သည့်အနေနဲ့
စုပေကိုပစ်လိုက်သည်။

ထိုအချိန်စုပေသည် ဝူရွေ့ကိုလှမ်းကန်လိုက်သဖြင့်
ဝူရွေ့ချိန်တာလွဲသွားကာ စုပေရဲ့ပုခုံးကိုသာ
ထိမှန်သွားလေသည်။ဟန်စန်းရီကလည်း သူ့ကို
နောက်တစ်ကြိမ်ထပ်ပစ်လိုက်သဖြင့် လဲကျသွားကာ
ဟန်စန်းရီကန်တာခံလိုက်ရပြန်သည်။

အခြေအနေတွေအားလုံး ထိန်းချုပ်နိုင်သွားပြီ...

ဝူရွေ့လက်အောက်ကလူတွေအားလုံး ဟန်စန်းရီရဲ့
လက်အောက်ငယ်သားတွေထိန်းချုပ်တာ ခံလိုက်ရသည်။
မြေပြင်ပေါ်မှာလဲနေသည့်ဝူရွေ့သည် အားရပါးရရယ်မောလိုက်ကာ ,

"မင်းတကယ်နိုင်သွားပြီလို့ ထင်နေလားဟန်စန်းရီ..
ငါပြောပြမယ်..ဒီသဘောင်္ကျင်းပတ်လည်မှာ ငါ
ဗုံးတွေထောင်ထားပြီသွားပြီ"

ထို့နောက် ပေါက်ကွဲသံတွေထွက်လာကာ ဗုံးတွေ
တစ်ခုပြီးတစ်ခုပေါက်ကွဲကုန်သည်။ဘယ်နေရာကလည်း
အားတွေထွက်လာလဲတော့စုပေလည်းမသိပေမယ့်
ရုတ်တရက်ဆိုသလိုအားတွေထွက်လာကာ ချက်ချင်း
ဟန်စန်းရီပေါ်သို့ခုန်အုပ်ပြီး မြေပြင်ပေါ်သို့လှဲချကာ သူ့ခန္တာကိုယ်နဲ့ကာကွယ်လိုက်သည်။

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Donde viven las historias. Descúbrelo ahora