"မား!!သားလုံး၀ သဘောမတူနိုင်ဘူးနော်"
"ဟဲ့ သား မင်းကိုအမေကကောင်းစေချင်လို့ စီစဉ်တာလေ မင်းက ဘာလို့ ငြင်းဆန်နေရတာတုန်း"
"ဟာ မားကလည်းသား အဲ့အသက်ကြီးကြီးလူကြီးနဲ့ လက်မထပ်ချင်ပါဘူးဆိုဗျာ"
ပြောရင်းဆိုရင်းငိုမဲ့မဲ့ဖြစ်လာသောအကောင်ပေါက်
"ကုကီးလေးကလည်း မမြင်ဖူးသေးဘဲနဲ့ကွယ် တဖက်သားကိုအဲ့လိုမပြောရဘူးလေ"
Jeon ommaတော်တော်ခေါင်းခြောက်နေပီဖြစ်တယ်၊ဘာလို့ဆိုသူ့သားလေးကိုထယ်ယောင်းလေးနဲ့အိမ်ထောင်ရက်သားချပေးဖို့ကို၊အခုသားတော်မောင်ကအတင်းငြင်းဆန်နေတော့၊သူမတော်တော်ခေါင်းခြောက်နေရပီ။
"မသိဘူး မသိချင်ဘူး ဟင့် မားတို့က ကိုယ့်သားလေးတစ်ယောက်ထဲရှိတာကို အဲ့အသက်ကြီးကြီး ဗိုက်ရွှဲရွှဲ ဦးလေးကြီးနဲ့ ပေးစားချင်နေတာ ကြားလို့မှကောင်းကြရဲ့လား ဗြဲ"
"ဪ ဒီကလေး မနက်ဖြန်သွားတွေ့ကြည့်ပါအုန်း ကုကီးပြောသလို အသက်ကြီးကြီး လားဆိုတာ"
"ဟင့် ပီးရော တကယ်လို့ အသက်ကြီးကြီး ဗိုက်ကြီးက ရွှဲရွှဲကြီးဆိုတော့ကတော့ သားယူချင်ဘူးနော် မား"
"အေးပါဟယ်"
ဒီသားတစ်ယောက်နဲ့စိတ်ညစ်တယ်၊ဟိုကသူပြောသလိုမဟုတ်ဘဲ၊ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်တာဆို၊ဘယ်လိုနေမလဲ ကြည့်ရတာပေါ့ ဂျွန်ဂျောင်ကုရယ်၊
••••••••••••••
ဒီလိုနဲ့ မနက်ဖြန်ရောက်တဲ့အခါမှာတော့၊
ဂျောင်ကုကီးတစ်ယောက်ဆူပုတ်နေပီဖြစ်တယ်၊