Ch 32

4.3K 317 23
                                    

မဟော်သိင်္ခသည် သူမထက်၃နှစ်ငယ်ကာ သူမတို့တက္ကသိုလ်တက်စဥ်က သိခဲ့သောဂျူနီယာလေးဖြစ်သည်။မဟော်သိင်္ခသည် သိင်္ခလုပ်ငန်းစုမှအမွေဆက်ခံသူဖြစ်ကာ အရည်အချင်းပြည့်ဝသူတစ်ယောက်လဲဖြစ်သည်။သို့သော် ထိုအရည်အချင်းပြည့်၀သောလူသားသည် သူမမျက်လုံးထဲတွင်တော့ ကလေးသာသာဖြစ်သည်။သူမတို့စတင်တွေ့ဆုံခဲ့ပုံက ကန်တင်းတွင် Menuလုမှာရင်းဖြစ်သည်။

____

  "အန်တီ..သမီးအတွက် စတော်ဘယ်ရီကိတ်ရှိသေးတယ်မလား...၊ "

ကန်တင်းမှ မုန့်ဖုတ်သမအန်တီကြီးအားမေးလိုက်ရာ ထိုအန်တီကြီးသည် ပြုံးပြလျက်

   "တစ်ခုပဲကျန်တော့တယ် သမီးရေ..၊ "

   "အန်တီ...ကျွန်တော့်ကိုစတော်ဘယ်ရီကိတ်တစ်စိတ်လောက်..."

သူမတို့ပြောနေစဥ်မှာပင် ကောင်တာနားသို့အပြေးရောက်လာသူကား မဟော်သိင်္ခပင်။ကျောင်းတွင်နာမည်ကြီးသောဂျူနီယာလေးမို့ သူမခမြာ တန်းပြီးမှတ်မိလိုက်သည်။သို့သော်လဲ ထိုကောင်လေးလိုချင်နေသည်က သူမ၏နောက်ဆုံးကျန်သောစတော်ဘယ်ရီကိတ်ကလေးကိုလေ...။Noပါ..ဒါမျိုးကတော့ ရှေးရေးထင်တို့အလျှော့မပေးနိုင်ပါ၊ အဆင်ကအဆင် အစားကအစားပင်ဖြစ်သည်။

   "အန်တီရေ...အဲ့တာ သမီးအရင်မှာတာနော်၊ သမီးကိုအရင်ပေး၊ "

သူမ၏စကားသံကြောင့် ထိုကောင်လေး၏အကြည့်တို့က သူမဆီဝေ့ဝဲလာသည်။ထိုကောင်လေး၏မျက်ဝန်းနက်နက်ကလေးများသည် သူမကိုကြည့်စဥ်တွင် နူးညံ့ခြင်းအချို့ပါဝင်နေသည်ကို အစားငမ်းနေသ​ောသူမကတော့ မသိခဲ့ချေ။

   "အဲ့တာဆိုလဲ ဒီကညီမလေးကိုပဲ ပေးလိုက်ပါဗျ..ကျွန်တော့်ကို ဗနီလာကိတ်ပဲပေးပါ..."

  'ဘာ!?? ဘာကြီး?? ညီမလေး??'

   "ဟိတ် ဟိုကလေး..စောနက ညီမလေးဆိုတာ ဘယ်သူ့ကိုပြောတာလဲ.."

မမှီမကမ်းအရပ်ပေမို့ ထိုကောင်လေး၏ပုခုံးကိုပုတ်ရန် လက်ပင်အတော်ဆန့်လိုက်ရသည်။

  "ဟင်..ဒီကညီမကိုပြောတာလေ..."

   "ဒီမှာ ကလေးလေး...အစ်မကလေ အိုတာမှရင့်ထော်နေပြီသိလား၊ အစ်မကနောက်ဆုံးနှစ်က.. သိရဲ့လား ပထမနှစ်ကမောင်လေးရဲ့..."

ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]Donde viven las historias. Descúbrelo ahora