Stars from the war
(ဤ ဝတ္ထုတိုထဲတွင် ပါဝင်သော
နိုင်ငံများ၊ အကြောင်းအရာများသည် စာရေးသူ၏
စိတ်ကူးသက်သက်သာ ဖြစ်ပါသည်)1962, In Ayzi,Yandi (အေဇီနိုင်ငံ၊ ရမ်ဒီမြို)
"ဟေး ရှေ့က ဘေးဖယ် ဘေးဖယ်"
ကူလီသမား၏အသံမှာ ပျံကျစျေးထဲမှ
ဆူညံ့သံများကို လွှမ်း၍ ပေါ်ထွက်လာပေသည်။
ရမ်ဒီမြိုတွင် မိုးများ အုံမှိုင်း၍
မိုးရွာလုဆဲ အခြေအနေဖြစ်သော်လည်း
စျေးရောင်းနေသောသူများ၊ စျေးဝယ်သောသူများက ပျားပန်းခပ်လှုပ်ရှားနေကြသည်။"ကြာလိုက်တာ ပန်းစည်းလေးယူခိုင်းတာကို
ဒီကောင်လေးကတော့..."ဒေစီမှာ ရိစ့်ကို ပွေ့ထားရင်း စျေးအဝင်ဘက်ကို
လှမ်းကြည့်လိုက်သည်။
ရောင်းစရာကုန်သွား၍ အိမ်မှ ပန်းစည်းပြန်ယူခိုင်းသော သားတော်မောင် ဂျော့ချ်မှာ အခုထိ
ပေါ်မလာသေး။"အမေ"
သေးငယ်သော ဆိုင်လေး၏ ရှေ့တွင်
ပန်းစည်းတင်ထားသော စက်ဘီးလေးက
ထိုးရပ်သွားသည်။
စက်ဘီးပေါ်မှ ပန်းစည်းကြီးကို
ပွေ့ကာ ကောင်လေးတစ်ယောက် အပြေးဆင်းလာသည်။"ကြာလိုက်တာ ဝယ်တဲ့သူတွေတောင်
မရှိတော့ဘူး""အဟား အမေကလည်း"
ဂျော့ချ်ပန်းစည်းကြီးကို ဖြေချ၍ ပန်းတစ်မျိုးစီကို
ခွဲကာ ဆိုင်ပေါ်တွင် ခင်းကျင်းလိုက်သည်။"ဘာလို့ ကြာနေရတာလဲ"
ဂျော့ချ် ဒေစီ့အမေးကို မဖြေဘဲ
ဒေစီ့လက်ထဲမှ ချီထားသော ညီမလေးရိစ့်ကို လက်လွှဲ၍ ယူလိုက်သည်။
ထိုအခါ ရိစ့်က တစ်ခစ်ခစ်ရယ်ပြလာသည်။
ဂျော့ချ် ကြည့်၍သာ ချော့မြူနေလိုက်သည်။"ဟိတ် ကောင်လေး"
ဒေစီက ဘာအကြောင်းမှ ပြန်ဖြေမလာသော
ဂျော့ချ်ကို မျက်ခုံးပင့်ပြ၍ ကြည့်လိုက်သည်။"ဟို...အဖေက..."
"ဘာလဲ ရမ်(အရက်) ဝယ်ခိုင်းပြန်ပြီလား
လက်ကြောတင်းမယ်မရှိတဲ့အပြင်
တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ မိန်းမကို
အားကိုးပြီး အချောင်ခိုနေရုံတင် မဟုတ်ဘူး
အခုလည်း..."