Part 30-သည်းခံတာလည်းအတိုင်းအတာတော့ရှိတယ်!

4.1K 646 16
                                    

Unicode

"အိုး..ဘာမှမဟုတ်ပါဘူး သားရယ်။ဗ​ရော်နီကာက နေလို့မကောင်းဘူးဆိုတာနဲ့ အမေတို့ရှောပင်မသွားလိုက်ရဘူး။"

လော်ရာမိုက ဝမ်းနည်းတဲ့အသံနဲ့ပြောပေမဲ့ သူမရဲ့မျက်နှာပေါ်မှာစိတ်မကောင်းဖြစ်တဲ့အမူအရာရှာမတွေ့တော့ ဒန်နီရယ်ကမျက်မှောင်ကြုတ်သွားတယ်။

"အိုး..အဲ့ဒါဆို ကျွန်တော်နဲ့အတူသွားမလား?..မင်မင်လေးနဲ့ကျွန်တော် အားနေတယ်။"

ရှောပင်မသွားရလို့ ယောက္ခမကြီးစိတ်မကောင်းဖြစ်နေတယ်ထင်ပြီး ဒန်နီရယ်က ကမ်းလှမ်းလိုက်တယ်။သူမဘက်က အရင် အပြင်သွားချင်ကြောင်းစပြောတာလို့ ခုနက လောင်ထရန်းပြောသေးတယ်။

လော်ရာမိုက ရှောပင် ခဏခဏ မထွက်ဘူး။စျေးကွက်ထဲက ပစ္စည်းတစ်ခုခုကြိုက်တာရှိရင် အိမ်ကိုပဲလာပို့ခိုင်းတာ။တစ်ယောက်ယောက်ကို အဲ့လိုအပြင်သွားဖို့ခေါ်ရင် သူမ တကယ်သွားချင်နေလို့ပဲဖြစ်လိမ့်မယ်။

"ချစ်ဖို့ကောင်းလိုက်တာကွယ်..ဒါပေမဲ့ ရပါတယ်..သားက များများအနားယူဖို့လိုအပ်တယ်။ပြီးတော့ ရှောပင်ထွက်ပြီးဘာမှလုပ်စရာလည်း အမေ့မှာဘာမှမရှိပါဘူး။တကယ်တော့ အမေက သားရဲ့အကြိုက်ဆုံးမုန့်ကိုဖုတ်မလို့ စဉ်းစားနေတာ။အမေ့ရဲ့မြေးလေး၊မြေးမလေးတွေ သားဗိုက်ထဲမှာရှိနေတဲ့အချိန် သူတို့ကို စိတ်ကျေနပ်အောင်မလုပ်ပေးနိုင်ရင် အမေစိတ်မကောင်းဖြစ်မိလိမ့်မယ်။" 

လော်ရာမိုက ဒန်နီရယ့်ကို ကြင်နာစွာပြန်ပြောလိုက်တယ်။ဒီတစ်ခါတော့ သူမက စစ်မှန်တဲ့အမူအရာနဲ့ပြောတော့ ဒန်နီရယ့်မျက်နှာက ပြုံးသွားတယ်။

"ကျေးဇူးပါ အမေ! ကျွန်တော်တို့ကို အရမ်းအလိုလိုက်နေတာပဲ..ဒါပေမဲ့ အမေတကယ် အဖော်တစ်ယောက်ယောက်လိုအပ်ရင် မင်မင်နဲ့ကျွန်တော်ကအမြဲအားတယ်နော်..။"

ဒန်နီရယ်က စိတ်လှုပ်ရှားစွာပြုံးပြီး သူ့ရဲ့ကလေးလေးတွေက ဖွားဖွားကြီးရဲ့အလိုလိုက်ခံရတာကို တွေးရင် တခစ်ခစ်ရတယ်တယ်။

"ကျေးဇူးပါ သားရယ်..အမေ နောက်တစ်ခေါက်ကျရင် သေချာပေါက်ပြောမယ်နော်။" လော်ရာမိုက နွေးထွေးတဲ့အပြုံးတစ်ခုပေးလိုက်တယ်။ဒန်နီရယ်က ခေါင်းညိမ့်ပြီး လွမ်မင်လေးကိုကြည့်ဖို့ထွက်သွားတယ်။မြင်ကွင်းကနေ ဒန်နီရယ်ပျောက်သွားတာနဲ့ လော်ရာမိုက သူမသားကြီးကိုကြည့်လိုက်တယ်။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Donde viven las historias. Descúbrelo ahora