မင်းကို မချစ်တော့ဘူးဆိုတာ ငါညာတာ-19Gense: Urban, BL, Mafira, Romance.Craetor- စွဲညို့(ဖန်တီးမှုကို နှစ်သက်ပါက Like, Share, Comment ပေးပါရန်)
ကျွန်တော် ကြားဖူးတာ ရှိတယ်။ ညနက်နက်မှာ စိတ်က ဖောက်ပြားနိုင်တယ် ဆိုလား။ လေးထောင့် အလုံပိတ်ထားလို့ရတဲ့ အခန်းတစ်ခုထဲမှာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် နှစ်ယောက်တည်း ရှိတဲ့ အခြေအနေမျိုးမှာ ဆိုရင်ဆိုပြီးတော့..။
လက်ရှိအခြေအနေနဲ့ သိပ်ပြီးတော့ ကိုက်ညီလွန်းနေသလိုပဲ။ အမျိုးသားနှစ်ယောက်တည်းပဲ ရှိတယ် ဆိုနေပေမဲ့ပေါ့ဗျာ။
အထူးသဖြင့် လက်ရှိ ရေချိုးပြီးထားကာစ ဆပ်ပြာရနံ့တချို့ သင်းနေတဲ့ အမျိုးသား၊ ပြီးတော့ ကိုယ်သဘောကျနေတဲ့ အမျိုးသားနဲ့ တစ်ခန်းတည်း ညမှာ..။ နည်းနည်းလောက် ဆက်တွေးကြည့်လိုက်မယ် ဆိုရင်..။
ဦးစစ်က အဝတ်ဝတ်ပြီးသွားတော့ စာအုပ်တစ်အုပ် ကိုင်ပြီး ကုတင်ပေါ်ကို တက်လာတယ်။ ဖြတ်ခနဲ လဲချလိုက်တာ မဟုတ်ဘဲနဲ့ ခေါင်းဦးကို ဆွဲယူလိုက်တယ်။ နောက်တော့ သူ့ကျောမှာ မှီထားပြီးတော့ စာအုပ်ကို ညအိပ်မီးအလင်းရောင်နဲ့ စာမျက်နှာကို စလှန်တယ်။ ခေါင်းဦးကို ဆွဲသွားလိုက်တော့ ကျွန်တော်နဲ့ နည်းနည်းဝေးသွားတယ်။
ကျွန်တော် ဦးစစ်ကို ခေါင်းမော့ကြည့်လိုက်ပြီးမှ ခေါင်းဦးကို ဆွဲယူလိုက်ပြီးတော့ ဒီဘက်ကို တိုးလိုက်တယ်။ ဦးစစ်က စာရွက်လှန်နေတာ ရပ်သွားပြီးတော့ ကျွန်တော့်ကို ငုံ့ကြည့်လာတယ်။ ပြီးတော့ ဆိုတယ်။
"ဘာဖြစ်တာလဲ.. ငါ့အိပ်ရာကို မင်းတစ်ယောက်တည်း ယူတော့မလို့လား"
ဦးစစ်က မျက်မှောင်ကြုတ်ထားတော့ မျက်ခုံးတွေက တွန့်ကွေးနေတယ်။ ကျွန်တော့်ကို စိုက်ကြည့်နေတာ မကြိုက်သလိုနဲ့။
ဘာပြောရမလဲ။ စကားမှားတာနဲ့ ကုတင်ပေါ်ကနေ ကန်ချခံရမှာက အသေအချာပဲ။ ကုတင်ပေါ် တက်လာဖို့တောင် ကျွန်တော့်မှာ မလွယ်ကူခဲ့ဘူး။ ဒါကို ဘာကြောင့် ကုတင်ပေါ်ကနေ ဆင်းရမှာလဲ။
တိုးလက်စနဲ့ တိုးကွာ..။ ဦးစစ် အနားထိ ရောက်အောင် တိုးလိုက်တော့ ဦးစစ်ရဲ့ မျက်ခုံးတွေက ပိုလို့တောင်မှ ကျုံ့သွားတယ်။
YOU ARE READING
မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာ/မင္းကို မခ်စ္ေတာ့ဘူး ဆိုတာ ငါညာတာ
Romanceလူဆိုးလေးတစ်ယောက်ရဲ့ မျိုသိပ်နိုင်မှု။ "ဦးစစ် ကျွန်တော့်ကို မယုံဘူး ဆိုရင် ဘာလို့ အနားကို ပြန်လာခဲ့ပါလို့ ပြောခဲ့သေးလဲ" အမှန်အတိုင်း ပြောရရင် အခုအချိန်မှာ ကျွန်တော်က သူ့ခေါင်း မော့လှန်လာအောင် ဒီလူရဲ့ဆံပင်ကို ဆွဲလှန်ပစ်လိုက်ပြီးမှ နမ်းပစ်လိုက်ချင်တာ...