[Unicode]
မိဖုရားကြီးအဆောင်ရှေ့ရောက်တဲ့အခါ ရိပေါ်ကဝင်ခွင့်တောင်းလိုက်တယ်။ရှောင်ကျန့်ပါနေသည်မို့ အစောင့်တွေကို ဝင်ခွင့်ပေးတယ်။
"မယ်တော်...ကိုဂါဝရပြုပါတယ်..."
"ထပါ....."
မိဖုရားကြီးဟာ ရှောင်ကျန့်ကို တစ်ချက်မကြည့်ပါပဲ သူမသားတော်ကိုသာကြည့်နေတယ်။ရှောင်ကျန့်ကခပ်တည်တည်ပင် ထိုင်ခုံမှာဝင်ထိုင်လိုက်တယ်။
"သားတော်....ဘာလို့အပိုလူတွေခေါ်လာတာလဲ..."
"မယ်တော်....သူက...."
မိဖုရားကြီးဟာရှောင်ကျန့်ကိုအမြင်မကြည်ပုံပင်။ရှောင်ကျန့်က အပြုံးနုနုလေးကိုဆင်မြန်းရင်း မိဖုရားရှေ့ ဆံထိုးလေးကိုချပေးတယ်။
"ယောက္ခမတော်က....ငွေရောင် ဆံထိုးကိုသဘောကျတယ်ထင်လို့...."
တစ်လက်လက်တောက်ပနေတဲ့ ငွေရောင်ဆံထိုးကို ဘယ်အမျိုးသမီးကများမကြိုက်ပါဘူးလို့ ငြင်းမလဲ။သူမဟာ ဆံထိုးကိုတစ်ချက်ကြည့်ပြီး ရှောင်ကျန့်ကိုစကားပြန်ပြောလာတယ်...."
"ဒီတန်ဖိုးကြီးတဲ့ဆံထိုးက......ကျွန်မအတွက်တော့ သာမာန်ဆံထိုးလေးတစ်ချောင်းပါပဲ...."
ရိပေါ်ကတော့ မကြာခင် အကြည့်ချင်းစစ်ဖြစ်ကြတော့မည်ကိုမြင်ယောင်သဖြင့် ကြားထဲကပဲ စကားလမ်းကြောင်းလွှဲယူရတော့သည်။
"သားတော်....နန်းတော်အပြင်ထွက်ချင်လို့....မယ်တော်ခွင့်ပြုပေးပါလား...."
"ငါ့ခွင့်ပြုချက်လိုချင်သေးတယ်ဆိုရင် မင်းသဘာဝကိုလွန်ဆန်ပြီးလက်ထပ်မဲ့ ကိစ္စကိုအခုဖျက်လိုက်....!"
"မယ်တော်..."
"ဘယ်လိုပြောရမလဲ....ယောက္ခမတော်ရဲ့ ချစ်လှစွာသောသားတော်ကငါကိုယ်တော်နဲ့ လက်ဆက်ပြီးသွားပြီလေ...."
"ဘာာ....!"
မိဖုရားကြီးရဲ့အသံကြောင့် ရိပေါ်ကိုယ်လုံးလေးတုန်တက်သွားရသည်။ရှောင်ကျန့်ဘက်ကိုလှည့်ကြည့်တော့ ရှောင်ကျန့်က ရိပေါ်ကို မျက်ခုံးသာပင့်ပြတယ်။
"မယ်တော်.....သားတော်....!"
"တိတ်စမ်း....!"
ရိပေါ်ရဲ့ရှင်းပြစကားကိုမိဖုရားကြီးက နားမထောင်ပေ။မိဖုရားကြီးက သွေးနုသားနုနဲ့မို့ ရိပေါ်စိတ်မလှုပ်ရှားစေခြင်ပါ။
YOU ARE READING
Lengend of the sky [Hiatus]
Fiksi SejarahZSWWSZD!! xiaozhan (Seme) Wangyibo (uke) start date - 3.10.2021 End date - ___________________________