Part-11

1.1K 80 3
                                    

"ဘာဖြစ်လို့လဲ Win အဆင်ပြေရဲ့လား..."

ဆံပင်ပြင်နေရင်း မျက်နှာမကောင်းတဲ့ Win ကို Phi Nani က အနားလာရင်း မေး၏။

"Phii..."

"အင်း ဘာဖြစ်လဲ Winne..."

"မသိဘူး...စိတ်ထဲ တစ်မျိုးဘဲ...နေရတာ အဆင်မပြေဘူး.."

Phi Nani ကိုဆို ချွဲနေကျမို့ အခုလည်း သူ ချွဲသလိုမျိုး ပြောလိုက်မိ၏။Phi Nani က သူ့ခေါင်းလေးကို ဖွဖွပုတ်ပေးရင်း...

"စိတ်လှုပ်ရှားနေတာ နေမှာပါ..စိတ်လျော့ထားနော်...Winne လုပ်နိုင်ပါတယ်..."

"ဟုတ်..."

ခဏကြာတော့ Phi Nani က အဝတ်အစားလဲရန်အတွက် ထွက်သွားတော့ Win တစ်ယောက်ဘဲ ကျန်နေခဲ့၏။စိတ်ရှုပ်နေတာလား စိတ်လှုပ်ရှားနေတာလား သေချာလည်း မသိတော့...မနေ့က ခေါ်ထားတဲ့ ဖုန်း call တွေကလည်း သူ့ဖုန်းထဲကို ဝင်နေတုန်း..Concert လုပ်နေချိန်အတွင်း စိတ်မရှုပ်ချင်တာကြောင့် သူ တမင်မကိုင်ဘဲ ထားထားလိုက်တာ...နီနီရဲရဲ missed call တွေ မြင်ရတာကလည်း စိတ်ပျက်စရာ..။

"Win..."

"ဟင်.."

"ဘာတွေတွေးနေတာလဲ...Phi ခေါ်နေတာ ကြာပြီ..."

"Phi Baii က ဘယ်တုန်းက ရောက်တာလဲ..."

ဘေးနားကြည့်တော့ hair stylist တွေ တစ်ယောက်မှ မရှိတော့...။Phi Bai ကိုကြည့်တော့ ဝတ်စုံတောင် လဲပြီးပြီ ဖြစ်၏။

"Win..."

"Kha..."

"တကယ်အဆင်ပြေရဲ့လား..."

Phi Baii က တစ်ခုခုကို စိုးရိမ်သလို သူ့မျက်နှာကို မလွတ်တမ်းကြည့်ရင်း မေး၏။သူ့စိတ်ထဲမှာ ဖြစ်နေတာတွေကို ပြောပြလိုက်သင့်လား...Phi Nani မေးတုန်းကတောင် ဘာမှမဖြစ်ဘူးဆိုပြီး ပြောလိုက်သေးတာဘဲ...။

"မညာနဲ့ အမှန်တိုင်း ဖြေ..."

Concert ချိန်က နီးနေပြီဖြစ်ပေမယ့် ဒီလွင်ပြင်လေးက ဘာတွေ မှိုင်တွေနေမှန်းမသိ...မနေ့ကလည်း ထမင်းမစားဘဲ အိပ်သွားပြီး အခုထိလည်း ဘာမှကျွေးလို့ မရသေး...။သူမညာနဲ့လို့ ပြောတော့ မျက်လုံးလက်လက်လေးတွေဖြင့် သူ့ကို မော့ကြည့်လာ၏။ကြယ်တွေလို လင်းလက်နေတတ်တဲ့ မျက်လုံးလေးတွေက အရင်လို တောက်ပမှုရှိမနေ။

Falling In Love (Completed)Место, где живут истории. Откройте их для себя