၂၂၄။ “တတိယရိုက်ချက် - ၆”
“မင်း တတ်နိုင်သလောက် ကြွားပေါ့၊ မင်း ဆန့်ကျင်နေတာ ဘယ်သူတွေလဲဆိုတာ မသိဘူးလား ကောင်လေး...” ချင်းယန်ကလန်တပည့်များက အမူးသမား ကြာပန်းကို မခံချင်အောင် ပြောသည်။ ရုတ်တရက် ပေါ်ထွက်လာသည့် သည်လူရမ်းကားလေးက ဘယ်ကနေ ဘယ်လို ပေါ်လာသလဲ သူတို့ မသိလိုက်ကြချေ။
အမူးသမား ကြာပန်းက စကားပြောသည့် ထိုလူကို မျက်ခုံးပင့်၍ ကြည့်လိုက်ပြီး မဲ့ရွဲ့ပြုံးပြသည်။ ထို့နောက် သူ၏ ဆီးနှင်းရောင် ဝတ်စုံက တလူလူ လွင့်လာပြီး အဖြူရောင် လေမုန်တိုင်း တိုက်ခတ်လာပြီး ကြာပန်းလေးက သူ့ထံသို့ ပစ်ဝင်လိုက်သည်။
သူ့ အမြန်နှုန်း.... အနက်ရောင်သားရဲထက်တောင် မြန်နေပါလား...
အဖြူရောင်အရိပ်က ထူလူ့ရှေ့တွင် ပေါ်လာသည်။ အမူးသမားကြာပန်း၏ မျက်နှာက အကြီးအကျယ်မူးနေဟန်ရသည်။ သူက လက်သီးတစ်လုံး ထိုလူ့ထံ ပစ်သွင်းလိုက်သည်။
အမူးသမားကြာပန်း၏ ရိုးစင်းသည့် တိုက်ကွက်ကို မြင်လျှင် ချင်းယန်ကလန်တပည့်က အူးမြူး၍ ပြုံးသွားသည်။ သူက သူ့ဝိညာဉ်စွမ်းအားများကို လက်အိတ်တွင် စုစည်း၍ သူ့လက်သီးများကို ကာကွယ်လိုက်သည်။ ပြီးခဲ့သည့် တစ်ရက်လုံးလုံး ရင်ဆိုင်တိုက်ပွဲတွင်, သူက လက်အိတ်စွပ်၍ တိုက်ပွဲဝင်ခဲ့သည်။ ရူလင်းစစ်တပ်မှ လူကြီးများသည်ပင် သူ့လက်အိတ်အစွမ်းကြောင့် ဖိနှိပ်ခံခဲ့ရသည်။ လက်ရှိ သူ့ပြိုင်ဘက်က ပိန်ပါးပြီး အားအင်ချိနဲ့သည့် လူငယ်လေးမို့ သူက စိုးရိမ်မနေပေ။
သူက အလွန်အမင်း ယုံကြည်စိတ်ချနေပြီး ကြာပန်းလေးနှင့် လက်သီးချင်း ဆုံထိုးလိုက်သည်။
ထိုစဉ်, အရိုးကျိုးသံများက နားစည်ထဲ စူးခနဲ ဝင်ရောက်လာကြသည်။ အမူးသမားကြာပန်းလေး၏ ရှင်းလင်းပြီး ဖြူရော်ရော် လက်သီးနှင့် ဆိုင်ထိုးမိသွားသည့် အနက်ရောင်လက်အိတ်စွပ် လက်က ဖျက်ဆီးအားကောင်းသည့် အင်အားအောက်တွင် ရွဲ့စောင်း၍ ပုံပျက်ပန်းပျက် ကျိုးပဲ့ သွားသည်။ ကြာပန်းလေး၏ လက်သီးနှင့် မိတ်ဆက်သွားသည့် အရိုးများအားလုံးက တဖြည်းဖြည်း ကျိုးကြေကုန်သည်။