အပိုင်း (၁) " ရှိန်းခေါင် ခရီးအစ "

4.1K 211 2
                                    

၂၀၁၄  ဒီဇင်ဘာ ၁၅ ။

ဒီဇင်ဘာ၏ ဆောင်းကား မြောက်လေ သွဲ့သွဲ့နှင့်အတူ  ကျွန်မ၏ ဆံသားများအား ရှုပ်ပွအောင် လေပြေလေးများဖြင့် ကျီစယ်သွား၏။ ထိုလေများနှင့်အတူ ကျွန်မ၏ နှုတ်ခမ်းသားများမှ အပြုံးပန်းတစ်ပွင့် ရှိခဲ့ပြီး ကျွန်မ အအေးဓါတ်က်ို အံတုနေလိုက်သည် ။

"ကောင်မလေး ရှိန်းခေါင် သွားမှာဆို  တရုတ်ကနေ ဝင်တာ အဆင်ပြေမယ်နော် ၊ ကန်ပိုက်တီကနေ  တရုတ်ပြည်မှာ ကားစီးပြီး    ဟိုဘက်ဆက်သွား ။ တစ်ကြောထဲပဲ "
ဦးကျော်ဌေး ပြောသော ထိုစကားလုံးများပင် ကျွန်မ၏  အတွေးစများ၌ ရှိလာခဲ့ပြီး ကျွန်မ ဒီခရီးကို ရွေးချယ်လိုက်ရျ် အဆင်မပြေဖြစ်သည်ကို တွေစခြင်းများစွာဖြင့် တွေးစနေမိပြန်သည်။

ထိုအခါတုန်းက ကျွန်မဟာ  တည်ငြိမ်စွာရှိနေရင်းနှင့် ဦးကျော်ဌေး၏ အကြံပေးချက်ကို   စကားတစ်ခွန်းနှင့်  ငြင်းခဲ့သည်။
" ကျွန်မ  စွန့်စွန့်စားစား သွားချင်တာမလို့  ဦးကျော်ဌေး စကားကို  စိတ်မကောင်းစွာနှင့် ငြင်းပါရစေ"

ဦးကျော်ဌေးဆ်ိုတာ အခြားသူတော့ မဟုတ်။
ကျွန်မ၏ စွန့်စားခြင်း ခရီးကို   အစ  ၊အဆုံး ကူညီပေးမည့် သူ ၊ ဖေဖေ၏ မိတ်ဆွေ  ခရီးသွားအေဂျင်စီ  တည်ထောင်ထားသူတစ်ဦး  ဖြစ်သည်။

"ငွေလှိုင်း  ၊ နင်ဆိုရင်ရော ဒီလို အတွေးမျိုး ဝင်မလား ။ နင်ဆိုရင်တော့ ဝင်မယ်လို့ ငါမထင်ဘူး ၊
နင်က adventure (စွန့်စားသူ)သမားလေ ။"
ကျွန်မ၏ နှုတ်မှ ထိုစကားလုံးများ ဖြစ်တည်ရင်း
ကျွန်မ၏ ခြေလျှင်ခရီးကို လမ်းပြ၏ ခေါ်ဆောင်ရာအတိုင်း  လျှောက်နေလိုက်သည်။

"ကောင်မလေး  ခေါင်လန်ဖူး ရောက်ပြီ ။
ဇန်ဟေ့ အထိ ဆိုင်ကယ်လမ်း ရှိတယ် ၊ 
ဆိုင်ကယ်နဲ့သွားမလား "

"ခြေလျှင် လမ်းရော ရှိလား   ဦးကြီး ။
ကျွန်မ ခြေလျှင် လမ်းကို ပိုစိတ်ဝင်စားလို့ "
ထိုအခါ  လမ်းပြဦးကြီး၏ မျက်နှာ သိသိသာသာကို  အံဩရိပ်သန်းလာပြီး 

"ငွေတတ်နိုင်ရဲ့သားနဲ့   ခြေလျှင်လမ်းကို ရွေးတာ မင်း တစ်ယောက်ထဲပဲ ​တွေ့ဖူးသေးတယ် ၊
ကလေးမ ။ ခြေလျှင်လမ်းဆိုရင်တော့   ကလေးမ  ခေါင်လန်ဖူးကနေ ရှိန်းခေါင်ရောက်အောင်
ငါးရက်လောက်   အချိန်ဖင့်မှာပဲ ။  ခေါင်လန်ဖူးကနေ ဇန်ဟေ့ထိဆို နှစ်ရက်အိပ် သုံးည  သွားရအုံးမှာ ၊ ဒါ​​တောင် ဟိုဘက် ဆက်ရမှာတွေ မပါသေးဘူးနော် ။ ခြေလျှင်ဆိုတော့လည်း ခြေလျှင်ပေါ့ ၊   ကဲ --! ဒါဆို  ဒီမှာ တစ်ည နားတာပေါ့ "

"မီးအိမ်ရှင်မလေး ---!" (complete)Where stories live. Discover now