Unicode
ဗရော်နီကာက ရီမီလောင်းရဲ့နံပါတ်ကိုတောက်လျှောက်ခေါ်နေပေမဲ့ ဖုန်းအော်ပရေတာဆီက တူညီတဲ့အဖြေပဲ ထပ်ခါတလဲလဲရနေတော့ ပါးစပ်ကကျိန်ဆဲလိုက်တယ်။
"ကိုင်စမ်းပါ! သောက်ကျိုးနည်း!" သူမရဲ့ ကားစတီယာတိုင်ကို လက်သီးနဲ့ထိုးကာ ဆဲဆိုလိုက်တယ်။ကားကိုအရှိန်တင်မောင်းရင်း နောက်ဆုံး သူမ အလိုရှိတဲ့ပန်းတိုင်ကို ရောက်ရှိလို့သွားတယ်။
ဗရာ်နီကာက ကားထဲကအမြန်ထွက်ကာ ရီမီလောင်း နေတဲ့အဆောက်အအုံကို ကြည့်လိုက်တယ်။ရီမီက ထွက်သွားတော့မယ်လို့ပြောခဲ့တာ သူမ သိပေမဲ့ ရက်အနည်းငယ်ပဲ ကြာသေးတယ်လေ။အဲ့လောက်မြန်မြန်ကြီး ရီမီ ထွက်မသွားနိုင်သေးပါဘူး..။
ကားတံခါးကိုဆောင့်ပိတ်ကာ ဗရော်နီကာက အဆောက်အဦးဆီ ဦးတည်လျှောက်သွားလိုက်တယ်။၁၅မိနစ်လောက်ကြာပြီးတဲ့အခါမှာ ဗရော်နီကာက သူမသူငယ်ချင်းရဲ့တံခါးဝရှေ့ရောက်ကာ တံခါးဘဲလ်ကို မရပ်မနားနှိပ်နေတယ်။တံခါးလည်းခေါက်ရင်း အော်ခေါ်ပေမဲ့ ဘယ်ရီမီလောင်းကမှ ပြန်ဖြေမလာပါဘူး။အကုန်လုံးက တိတ်ဆိတ်နေတာပဲ..ဘယ်သူမှအထဲမှာမရှိတာ ကျိန်းသေတယ်။
"သောက်ချီး! ထွက်သွားပြီလားဟ? ဒီလအတွက် သူမ ရရမဲ့လခကိုတောင် ငါမပေးရသေးဘူးလေ။" ဗရော်နီကာက ရေရွတ်ကာ ရီမီရဲ့ဖုန်းနံပါတ်ကိုထပ်ဆက်လိုက်ပေမဲ့ အချည်းနှီးသာ..ဖုန်းကောလ်ကမဝင်ဘူး။
ဟုတ်တယ်..သူမတို့နှစ်ယောက် စကားများရန်ဖြစ်ခဲ့ကြတယ်။ဒါပေမဲ့ ဒါက သူမတို့ကြားက ဆက်ဆံရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲ။သူမက ရီမီ့ကိုထပ်မမြင်ချင်တော့ဘူးလို့ပြောလိုက်ရုံလေးပါ..အဲ့ဒါကို သူမရဲ့သူငယ်ချင်းက သူမကိုထပ်မတွေ့တော့ဘူးလို့ဆုံးဖြတ်လိမ့်မယ်လို့ ဗရော်နီကာက ထင်မထားဘူး။
ဇဝေဇဝါဖြစ်ကာ ဗရော်နီကာ သူမကိုဖုန်းအမြန်ဆုံးပြန်ဆက်ဖို့ ရီမီ့ကိုစာပို့လိုက်တယ်။ဒါပေမဲ့ ဗရော်နီကာမသိတာက ရီမီလောင်းက သူမ မထင်ထားတဲ့နေရာတစ်ခုကို ရောက်နေမယ်ဆိုတာပဲ။
မနေ့တုန်းက..ဗရော်နီကာ ခန့်မှန်းထားတဲ့အတိုင်းပဲ..ရီမီလောင်းက သူမတိုက်ခန်းမှာရှိနေခဲ့တယ်။ဗရော်နီကာကို ထပ်ပြီးမလိမ်ညာဖို့နဲ့ သူမလုပ်ရပ်တွေကကိုယ့်ကိုယ်ကို ဖျက်ဆီးရာရောက်တယ်ဆိုတာ သေချာသတိပေးပြီးမှ ရီမီကထွက်သွားမှာ။မိုလောင်ထရန်း..ဒါမှမဟုတ်..မိုအိမ်တော်က ဗရော်နီကာ လွယ်လွယ်လှည့်ဖျားလို့ရတဲ့ လူတွေမဟုတ်ဘူး။
CZYTASZ
ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]
AkcjaAll credits go to original writer @lesson101.I am just a translator of this novel. Story cover from google and it belongs to the artist. Book 1-Doted by the Alpha(ချစ်တတ်လွန်းသောအယ်လ်ဖာ) [total 80 parts] Book 2-My Husband is a Mafia Boss(ငါ့ယောကျာ်း...