Part 33-တွေ့ဆုံခြင်း(၁)။

4K 605 8
                                    

Unicode

"အရမ်းနောက်မကျနဲ့နော် ဟုတ်ပြီလား?"

ဒန်နီရယ်က သတိပေးလိုက်တယ်။အိုမီဂါလေးကစိတ်ကောက်နေပုံပေါ်ကာ လောင်ထရန်းကို ရှေ့ကိုဆွဲချလိုက်ပြီး ပါးနှစ်ဖက်ကိုကြင်ကြင်နာနာကိုင်ကာ အနမ်းပေးလိုက်တယ်။

နားရက်ကြီးမှာ အယ်လ်ဖာက အလုပ်ကလူတစ်ယောက်နဲ့ အရေးတကြီးသွားတွေ့ရမှာမဟုတ်ရင် ဒန်နီရယ်က လောင်ထရန်းကိုသွားခွင့်ပေးမှာမဟုတ်ဘူး။

အယ်လ်ဖာက စောစောသွားရမှာဖြစ်ပေမဲ့ ဒန်နီရယ်က သူ့ကို အိမ်မှာညစာ စားစေချင်တဲ့အတွက် အခုလောင်ထရန်းက ချိန်းဆိုထားတာထက် ၃နာရီလောက်နောက်ကျသွားပြီ။ဒါပေမဲ့ သူကဂရုတော့မစိုက်ပါဘူး..ဒန်နီရယ်ကို ပျော်ရွှင်စေသရွေ့ပေါ့။

"ဟမ်း..နောက်မကျဘူး..အိမ်ကိုမြန်မြန်ရောက်အောင်ပြန်ခဲ့မယ်။လိမ်လိမ်မာမာနေခဲ့နော်..ဟုတ်ပြီလား?"

သူတို့ရဲ့နှုတ်ခမ်းချင်းချိတ်ဆက်မှုကနေဖယ်ခွါသွားပြီးတဲ့အခါမှာ လောင်ထရန်းကသေချာအောင်ပြောလိုက်တယ်။အခုတလော ဒန်နီရယ်က သူ့ကိုအနည်းငယ်တွယ်ကပ်တတ်လာတာကို သတိထားမိတယ်။ကိုယ်ဝန်နဲ့မို့လို့ အိုမီဂါဟော်မုန်းတွေက သူ့ရဲ့အကျင့်စရိုက်ကိုပါပြောင်းလဲစေတာလို့ လောင်ထရန်းက ထင်လိုက်ပါတယ်။

သူ့ဇနီးလေးရဲ့ဒီတစ်ခေါက်ကိုယ်ဝန်က လွမ်မင်နဲ့လွမ်မိန့်လေးတို့ကို ကိုယ်ဝန်ဆောင်တုန်းကနဲ့မတူတာကို တွေးမိပြီး လောင်ထရန်းက စိတ်ထဲမှာရယ်လိုက်တယ်။

ပထမတစ်ခေါက် ကိုယ်ဝန်တုန်းက ဒန်နီရယ်က ပိုပြီးအမှီအခိုကင်းခဲ့တယ်။အိမ်မှာတစ်ယောက်တည်းနေရလည်း အဆင်ပြေတယ်..လောင်ထရန်းမှာ အလုပ်ကိစ္စပေါ်လာရင်တောင်မှပဲ ဒန်နီရယ်က ဘာမှအထွန့်မတက်ဘဲ သူ့ကိုသွားခွင့်ပေးတယ်။

အခုတော့ စိတ်အပြောင်းအလဲလည်းမြန်လာတဲ့အပြင် အလိုလိုက်ခံထားရလို့အကျင့်ပျက်နေတဲ့ ဇနီးလေးတစ်ယောက်လို ပြုမူနေတယ်။ဒါပေမဲ့ အမှန်အတိုင်းပြောရရင် လောင်ထရန်းက ဒီပုံစံကိုနှစ်သက်တယ်ဆိုတာ ငြင်းမရဘူး။ဒန်နီရယ် ဒီလိုတောင်းဆိုတတ်လာအောင် သူပဲခွင့်ပြုခဲ့တာလေ။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Where stories live. Discover now