Part 34-တွေ့ဆုံခြင်း(၂)။

3.7K 639 32
                                    

Unicode

"ဗစ်ကီက သူမရဲ့ရည်မှန်းချက်တွေ အတွက် ဒီလောက်ထိ လုပ်လိမ့်မယ်လို့ ယုံတောင်မယုံနိုင်ဘူး။ကျွန်မ သူ့ကိုအထင်ကြီးခဲ့မိတာ...တကယ်တမ်းတော့ သူမက နဂိုတည်းက ဒီလိုလူမျိုးပဲကို။"

ဗရော်နီကာချိုင်းရဲ့မိဘတွေအကြောင်း မှားယင်းစွာဖော်ပြထားတဲ့ စာကြောင်းတွေနဲ့ ဗရော်နီကာချိုင်းကို ဗရော်နီကာချိုင်း ဖြစ်စေတဲ့ အသေးစိတ် အချက်တွေကိုဖတ်ပြီး ရီမီကရေရွတ်လိုက်တယ်။နောက်ထပ်အဓိပ္ပာယ်မရှိတဲ့ စာတစ်ကြောင်းကိုဖတ်ပြီးနောက် ရီမီက စိတ်ပျက်လက်ပျက်ဖြစ်သွားတယ်။

သူမသူငယ်ချင်းရဲ့ပန်းတိုင်ကိုရောက်စေချင်တဲ့အတွက် ရီမီက ကြမ်းကြမ်းတမ်းတမ်းပြုမူခဲ့ရတဲ့ အချိန်တွေရှိခဲ့တယ်။ရီမီက စိတ်ရင်းမှန်နဲ့ကူညီချင်တာဖြစ်ပြီး ဗရော်နီကာကလည်း သူမရဲ့အတိုင်းအတာကိုသိလောက်မယ့် တွေးခေါ်ဉာဏ်ရှိလိမ့်မယ် လို့ထင်ခဲ့တယ်။

ဒါပေမဲ့ အခုတော့ ဗရော်နီကာက သူမရဲ့အကူအညီနဲ့မထိုက်တန်ကြောင်း သဘောပေါက်သွားပြီ။မင်းသမီးက သူမကိုသူငယ်ချင်းလို့သဘောမထားဘဲ ကိုယ်ပိုင်တောက်တိုမယ်ရအလုပ်သမားအဖြစ် ဆက်ဆံခဲ့တာလားလို့ တွေးမိတယ်။

ရီမီက စာထဲကအကြောင်းအရာတွေကိုဆက်ဖတ်ပြီး မယုံကြည်နိုင်ဖြစ်နေတယ်။ဗရော်နီကာနဲ့အတူကြီးပြင်းလာခဲ့တဲ့အတွက် တကယ့်အမှန်တရားကို ရီမီကသိထားတာကို။

အီသန်ကလည်း ဗရော်နီကာရဲ့ကြီးပြင်းလာတဲ့ဘဝကို သိနေတဲ့အတွက် စာကိုဖတ်ပြီး စိတ်ထဲမှာမနှစ်မြို့ခြင်းကို ခံစားလိုက်ရတယ်။ဗရော်နီကာ မင်းသမီးမဖြစ်ခင်ကတည်းက အီသန်က နှစ်အနည်းငယ်လောက် ဗရော်နီကာရဲ့ချစ်သူဖြစ်ခဲ့သေးတယ်။

စာရွက်ထဲမှာ ဖော်ပြထားတဲ့ အချက်အလက်အရတော့ ဗရော်နီကာက အိမ်တွင်းအကြမ်းဖက်မှုရဲ့နစ်နာသူတစ်ယောက်ဖြစ်ပြီး မိဘမဲ့တစ်ယောက်ဖြစ်ခဲ့တယ်။တကယ့်အပြင်ဘက်မှာတော့ သူမမှာ တာဝန်ကျေပွန်တဲ့အမေတစ်ယောက်နဲ့ လယ်သမားအလုပ် လုပ်ကိုင်တဲ့ အဖေတစ်ယောက်ရှိခဲ့တယ်။သူမမှာ မောင်နှမ ၈ယောက်ရှိပြီး ဗရော်နီကာက အကြီးဆုံး။သူတို့က ဆင်းရဲပေမဲ့ မိသားစုက ပျော်ရွှင်စရာကောင်းပြီး တစ်ယောက်နဲ့တစ်ယောက်လည်း ချစ်ခင်ကြတယ်။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Onde histórias criam vida. Descubra agora