Part 35-မင်းကိုရှာတွေ့ပြီ။

4.6K 664 15
                                    

Unicode

စိတ်ဓာတ်ကျကာ အိပ်ရာထဲမှာလဲလျောင်းနေရင်း အီရန်က မျက်လုံးပေါ်လက်နဲ့ အုပ်ထားတယ်။သူထွက်လာခဲ့တာ ၁ပတ်ရှိပြီ...တခြားကိစ္စတွေကို အာရုံမစိုက်ဖို့ကြိုးစားပေမဲ့ မိုဟန်လုနဲ့ဗရော်နီကာချိုင်း လွန်ခဲ့တဲ့၃ရက်က လက်ထပ်ခဲ့တယ်လို့ကောလဟာလထွက်လာပြီးနောက် အီရန်က စိတ်အားငယ်လွန်းလို့ မတ်တပ်တောင် ကောင်းကောင်းမရပ်နိုင်တော့တဲ့ အထိဖြစ်ခဲ့တယ်။

ရုပ်ခန္ဓာကမနာကျင်ရပေမဲ့ သူ့ရဲ့စိတ်ဝိညာဉ်က တဖြည်းဖြည်းဆွဲဖြဲခံရသလို အားနည်းလာတယ်။တစ်နေကုန်အိပ်နေပေမဲ့ ဘယ်လောက်ပဲအနားယူယူ ပင်ပန်းနွမ်းနယ်ပြီး စိတ်ဓာတ်ကျနေတုန်းပဲ။

မိုဟန်လုနဲ့ ချည်နှောင်ခြင်းကို ပယ်ဖျက်ဖို့ကြိုးစားတာကို သူ့ခန္ဓာကိုယ်က စတင်လက်ခံလာပြီမို့လို့ သူဒီလိုခံစားနေရတာ။

သူ့ရဲ့ဆရာဝန်ဖြစ်တဲ့ ဟန်နရီရဲ့အကူအညီကြောင့်  အခုထက်ထိတော့ ကြီးကြီးမားမားဝေဒနာမျိုး မခံစားရသေးဘူး။

ဟန်နရီက အီရန်ရဲ့ကျန်းမာရေးအခြေအနေကို ဆက်တိုက်စောင့်ကြည့်နေပြီး ခန္ဓာကိုယ်တည်ငြိမ်ဖို့ အားဖြည့်ဆေးတွေလည်းပေးထားတယ်။အစားအသောက်ကိုလည်း စီစစ်ပြီးမှစားခိုင်းတော့ အီရန်ရဲ့ခန္ဓာကိုယ်က ချည်နှောင်တာဖျက်သိမ်းခြင်းရဲ့ ဆိုးကျိုးကို သိပ်မခံရဘူး။

တကယ်တမ်း ဟန်နရီကြောင့်သာမဟုတ်ရင် အီရန် ဘာလုပ်ရမှန်းသိမှာမဟုတ်ဘူး။ချည်နှောင်တာကိုပယ်ဖျက်ရင် ဒီလိုခံစားရလိမ့်မယ်လို့ သူမထင်ထားခဲ့ဘူး။ပြီးတော့ ဟန်နရီက သူ့အပေါ်ကြင်နာပြီး ကောင်းကောင်းလည်းဆက်ဆံတယ်။

"မင်းရဲ့ခန္ဓာကိုယ်ဘယ်လိုနေသေးလဲ?။" အသက်ရှည်ဦးမယ်..ဟန်နရီက နေ့လည်စာတင်ထားတဲ့တွန်းလှည်းကို ကိုင်ကာ အခန်းထဲဝင်လာတယ်။အီရန်က အစားစားချင်စိတ်မရှိပေမဲ့ အယ်လ်ဖာက သူ့ကိုအတင်းစားခိုင်းဦးမှာပဲ။

"အဆင်ပြေပါတယ်..လန်လေးရော?။" အီရန်ကပြန်မေးလိုက်တယ်။အီရန်ကနေမကောင်းဖြစ်နေအတွက် လန်နဲ့သူ မတွေ့ရတာ ရက်အနည်းငယ်ကြာပြီးဆိုတော့ သူ့သားလေး ဝမ်းနည်းနေမှာ အီရန်ကစိုးရိမ်နေတာ။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Onde histórias criam vida. Descubra agora