Part 36-လေးလံနေတဲ့နှလုံးသား။

4.4K 679 28
                                    

Unicode

"အစ်ကိုတို့ အခုအိမ်ထဲပြန်ဝင်သင့်တယ်..အပြင်ကလေထုက အေးလာပြီ"

ချမ်းစိမ့်တဲ့လေအေးကို ခံစားမိတဲ့အခါ ဟန်နရီက အကြံပြုလိုက်တယ်။ဗီလာက တောင်စွန်းပေါ်မှာ ဆောက်ထားတာဖြစ်တဲ့အတွက် ညနေပိုင်းနဲ့ညပိုင်းတွေဆို ပိုအေးတတ်တယ်။

"အိုး ဟုတ်တယ်..အဲ့ဒီ့အကြံကောင်းတယ်" အီရန်က ညင်သာစွာ သဘောတူလိုက်တယ်။

"အာ မဝင်ချင်ပါဘူး..လန်က ထပ်ကစားချင်သေးတာ။" ကောင်ကလေးက အပြင်းအထန်ကန့်ကွက်တော့ အီရန်က ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်ပြီး သူ့ရဲ့ခေါင်းလုံးလုံးလေးကိ ုပွတ်ပေးလိုက်တယ်။

"မအေးဘူးလား?" မေးလိုက်တော့ လန်ကမအေးကြောင်း ခေါင်းခါတယ်။အီရန်က သူ့ရဲ့ပါးနှစ်ဖက်ကိုကိုင်ကြည့်လိုက်တော့ ကောင်ကလေး လိမ်နေမှန်းချက်ချင်း သိလိုက်တယ်..လန်လေးရဲ့ပါးနှစ်ဖက်ကအေးစက်နေတာပဲ။

"ဦးဦး သားအတွက်ပီဇာလုပ်ပေးဖို့ စားဖိုမှူးကို ပြောပေးမယ်ဆိုရင်ရော? အဲ့လိုဆိုအထဲဝင်မလား?" ဟန်နရီက လာဘ်ထိုးလိုက်တော့ လန်က သူ့ကိုမျက်လုံးကလေးပြူးပြီး ကြည့်လာတယ်။

"တကယ်လား?" ကောင်ကလေးက အံ့ဩပြီးမေးတယ်။အီရန်က သက်ပြင်းလိုက်တယ်..ပီဇာက အသင့်စာဖြစ်ပြီး ကျန်းမာရေးနဲ့မညီညွတ်တော့ လန်လေးကို ပေးမစားဘူး။ပုံမှန်ဆို အီရန်က ကောင်ကလေးကို အသီးအနှံ..ဒါမှမဟုတ်..ပရိုတိန်းနဲ့ကဆီဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေပဲကျွေးလေ့ရှိတယ်။

"တကယ်ပေါ့..အခုဖေဖေတို့အိမ်ထဲပြန်ဝင်မယ်ဆိုရင် သားပီဇာစားလို့ရတယ်။" အီရန်က အတည်ပြုပေးလိုက်တော့ ကောင်ကလေးက ဆောင့်ကြောင့်ထိုင်နေရာကနေ ထခုန်ကာ သူ့ဖေဖေကိုဖက်ထားတယ်။

"ရေး..သားပီဇာစားချင်တယ်!!!" လန်က ပျော်ရွှင်စွာ သဘောတူလိုက်တယ်။ဟန်နရီက အီရန့်မတ်တပ်ရပ်ဖို့ ကူညီပေးကာ သူတို့သုံးယောက်က ဥယျာဉ်ကနေ အိမ်ဖြူကြီးထဲကို ဝင်သွားကြတယ်။

အဲ့ဒီ့အချိန်မှာ ခုနကတည်းက ထိုပုံရိပ်တွေကိုစိုက်ကြည့်နေတဲ့ ဟန်လုက သူတို့ပျောက်ကွယ်သွားတဲ့နေရာကနေ မျက်စိမခွါခဲ့ဘူး။အိပ်ခန်းထဲက ရေခဲသေတ္တာအသေးလေးကရတဲ့ အရက်ကိုမော့သောက်လိုက်ပြီးနောက် ဖန်ခွက်ကို သူ့ဘေးက သစ်သားမျက်နှာပြင်အပြားပေါ် ဆောင့်ချလိုက်တယ်။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Donde viven las historias. Descúbrelo ahora